part16🌗

5.3K 514 25
                                    


zawgi

"ရိ​ပေါ်.အဆင်​​ပြေပါ့မလား..လူ​တွေမြင်​ကုန်​ရင်​.."

သူ့အား maskတပ်​​ပေး​နေသည့်​ရိ​ပေါ်ကို အထွန့်​တတ်​လိုက်​မိ​တော့မျက်​​မှောင်​ကြုံ့ကြည့်​လာသည်​။.နှစ်​​ယောက်​လုံးခန္ဓာကိုယ်​က all black နှင့်​ ဦးထုတ်​အနက်​ကို​ဆောင်းထားပြီး နှစ်​ကိုယ်​တူmaskတပ်​ကြ​သေးသည်​။.ယခုသူတို့londonမှာ​လျှောက်​လည်​ကြမည်​ဖြစ်​သည်​။.ရိုက်​ကူး​ရေးပြီး​သော်​လည်း.မပြန်​ဖြစ်​ကြ​သေးဘဲ ​နေရစ်​ခဲ့သည်​။.ရိ​ပေါ်တို့ဘက်​က​တော့သူတို့အ​ကြောင်းကိုသိပြီးသားမို့ ​မေးမြန်းခြင်းမရှိဘဲ ကျန်းချန်​တို့အုပ်​စုကပြန်​သွားပြီဖြစ်​သည်​။.သူက​တော့​နေခဲ့လို့မရ.ရှင်းချန်​​ကောကတပါတည်းပြန်​လိုက်​​ခဲ့ဖို့​ခေါ်သည်​။ သို့​ပေမဲ့​ဟောက်​ရွှမ်းသည်​ရှင်းချန်​ကောအားမည်​သို့စည်း​ရုံးသည်​လည်းမသိ.ရှင်းချန်​​ကောကပြန်​သွားပြီးသူက​တော့londonမှာ​နေရစ်​ခဲ့သည်​။

"ကိုယ့်​ကိုယုံတယ်​မလား.အခုဘယ်​သူမှကိုယ်​တို့ကိုမှတ်​မိမှာမဟုတ်​ဘူး တစ်​ရက်​ပဲလိုက်​လည်​ရမှာ ကိုယ်​နဲ့အတူ​ပျော်​ကြရ​အောင်​.."

သူ့လက်​အား ရိ​ပေါ်ကစုတ်​ကိုင်​ပြီး​ပြော​တော့​နွေး​ထွေးသွားရသည်​ပြဿနာဖြစ်​လည်းရင်​ဆိုင်​ရုံ​ပေါ့.။.​ခေါင်းကိုတဆက်​ဆက်​ငြိမ့်​ပြီးအ​ဖြေ​ပေး​တော့ mask​အောက်​မှာရှိ​နေသည့်​ရိ​ပေါ်နှုတ်​ခမ်းကအပြုံးသယ်​​ဆောင်​သည်​..။

"​ကောကို​ပျော်​​အောင်​ထား​ပေး.."

"အပြုံးမပျက်​​စေရဘူး..သွားကြရ​အောင်​"

ရိ​ပေါ်ကိုယုံတာမို့တ​နေ့ခရီးဖြစ်​တဲ့အ​နေတဲ့လုံ​လောက်​မဲ့အချိန်​ကာလ​လေးမှာရိ​ပေါ်​ခေါ်​ဆောင်​ရာ​နောက်​လိုက်​မည်​။..ရိ​ပေါ်ရဲ့လက်​ကိုတွဲပြီး​နေရာ​စုံကို​လျှောက်​လည်​မည်​..။

*********************************************
****

"အာ..ရိ​ပေါ်​ပေကုန်​ပြီ..."

နှစ်​​ယောက်​သား​ရေခဲမုန့်​ခွက်​က​လေးနဲ့လမ်း​လျှောက်​တုန်း သူ့မျက်​နှာအား ​ရေခဲမုန့်​နဲ့လာသုတ်​တာမို့​စောင့်​​အောင့်​ပြီး​ပြော​တော့အမြင်​ကပ်​စရာအပြုံးကြီးနဲ့လာကြည့်​​သေးသည်​။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now