knock knock....
အဆက်မပြတ်နေပါသောတံခါးခေါက်သံ။နှလုံးသားနုနုသည်အရည်ပျော်ကျမယောင်။စိတ်ဆိုးခွင့်တောင်မပေးတဲ့မောင့်အား မည်သို့လုပ်ရမည်လည်း။အချိန်သည်၂နာရီခန့်။သူသည်မောင့်အားအပြင်၌ရှိစေသည်က၂နာရီနီးပါးရှိပြီ။ လက်သည်းလေးကိုက်လို့ ရှေ့နောက်လျှောက်မိတော့သည်။နှင်းဖုံးနေသည့်ရာသီဥတု။မောင်လေဖြတ်သွားရင်မည်သို့လုပ်မလည်း..။မျက်ကွင်းရဗိဂွမ်းစောင်ဖြူလေးအားပွေ့လို့တံခါးအားဖွင့်မိတော့သည်..။နှလုံးသားသည်သူ့အလိုမလိုက်ပါ..။
"ကော.."
"မပြန်တာ မင်းကိစ္စနော်.စောင်ပေးရမှာ.ငါ့တာ.ဝန်.ထင်.လို့..."
အဖျားခတ်တုန်ရီတိုးသည့်သူ့အသံအားမောင်သည်ပြုံး၏။ အေးနေမှာလိုမလိုချင်ခဲ့တာ..။ခုလိုလှောင်ဖို့်မဟုတ်ပါ။တံခါးအားပြန်ပိတ်မည်လုပ်ပါတော့ သူ့လက်ကိုလာဆွဲသည့်မောင့်လက်အေးအေးများ။ ရုန်းလိုက်မိပါသည်။ ဆန္ဒအတိုင်းမဖြစ်သည့်လက်များသည်တံခါးကိုဖွင့်ထားမိသည်။
"ကော.မောင်.ကောစိတ်ဆိုးပြေတဲ့အထိဒီမှာနေမှာ ဒါပေမဲ့အေးတယ်.အဲ့ဒါမောင့်အတွက်နေစရာလေးများရမလား.."
ပေးသောစောင်လေးအားပိုက်လို့ မောင်သည်တောင်းဆို၏။ အေးနေမည်ကိုသိရက်နဲ့ဘာကြောင့်ခေါင်းမာနေသလည်း။
"ဂိုထောင်..ကားဂိုထောင်ရှိတယ် အဲ့မှာနေ..ဒါပဲမလား"
တံခါးအားပိတ်မိတော့သည်။စိတ်ဆိုးပြေအောင်မောင်မလုပ်ချင်နဲ့လေ။ ဆိုဖာပေါ်တွင်ထိုင်လို့ ဘာလုပ်ရမှန်းမသိပါ။ကားဂိုထောင်လည်းအေးမည်ပဲ။ ပြန်သွားလိုက်စမ်းပါမောင်ရာ...။
knock knock....
ထပ်မံမြည်သည့်တံခါးသံများ။.ဖွက့်မည်မဖွင့်မည်လွန်ဆွဲလို့ တံခါးအားဖွင့်လိုက်ပြီ။ မောင်သည်ခပ်ပြုံးပြုံးနှင့်။အိမ်ထဲဝင်ဖို့ကြိုးပမ်းသည်လား။
YOU ARE READING
ရည်ရွယ်ရာ..ဆုံမှတ် (ရည်ရွယ်ရာဆံုမှတ်) (complete)
Fanfictionမိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျန့်•• အလိမ်ညာတွေနဲ့စတင်ခဲ့ပေမဲ့ မြတ်နိုးမိသည်ကအမှန်ပါ ••ဝမ်ရိပေါ်•• မိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျ...