part13🌗

5.3K 527 3
                                    


zawgi

ပြည့်​ကျပ်​​နေတဲ့သူ​တွေအား လက်တစ်ချက်ဝှေ့ရမ်းပြီးရိပေါ်နှုတ်ဆက်သည်.လမ်းလျှောက်ချိန်ပြီးလျှင် သွားရမဲ့လေယာဉ်ပေါ်သို့ခြေတင်လိုက်၏.သူထိုင်ဖို့နေရာကိုသိပေမဲ့မထိုင်နိုင်သေး london မှာ outdoor ရိုက်ရမှာမို့ မနက်အစောပိုင်းထွက်မည်ဖြစ်သည် သတင်းရနေတဲ့fanတွေကတော့ သူတို့မရောက်ခင်လူတွေပြည့်နေပြီဖြစ်သည် လေယာဉ်ပေါ်မှာမထိုင်သေးပဲ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတဲ့သူ့ကို ကျန်းချန်တို့ကမျက်မှောင်ကြုံ့ကြည့်နေကြပြီ မတတ်နိုင် ကျန့်ကောနဲ့အတူထိုက်ရဖို့ဂွင်ဆင်ရမည်မို့လည်ပင်းပွတ်ရင်းစောင့်နေရသည်..

"လာနေပြီ မင်းထိုင်နေလိုက် လူမြင်လို့တောင်မကောင်းဘူး"

ရှီးချန်​​ကောကအနားကိုလာ​ပြော၏ အဝင်​ဝကိုကြည့်​​တော့mask​လေးဖြုတ်​ပြီးလာ​နေတဲ့ကျန့်​​ကောကိုမြင်​လိုက်​ရသည်​ ရိုးရိုး​လေးတီရှပ်​တစ်​ထည်​နဲ့ ​မျှော့ကြိုး​ဘောင်းဘီ​လေးက​တောင်​ကျန့်​​ကောနဲ့မို့လှရက်​နိုင်​သည်​..မဖြစ်​​သေး ​နောက်​ကိုဒီလို​ဘောင်းဘီ​တွေ​ဝတ်​ခိုင်းလို့မဖြစ်​ လုံးဝန်း​နေတဲ့အရာ​တွေကိုခားသူရှုစားမှာမလိုချင်​​ပြောထားဦးမှပါကိုယ့်​အပိုင်​ဆိုတာ..

"ဟင်​.ဝမ်​ရိ​ပေါ်တို့​ရောက်​​နေကြပြီပဲ အားနာစရာ.ဟိုထိုင်​ခုံနဲ့တူတယ်​.ထိုင်​​တော့​လေ."

အ​နောက်​က ကျန့်​​ကောရဲ့managerကစကားဝတ်​ပြုသည်​.သို့​ပေမဲ့သူကကျန့်​​ကောနဲ့ထိုင်​ချင်​​နေတာ.ရှငကာကိုဘယ်​လိုပထုတ်​ရပါ့

"ရှင်းချန်​.မင်း.​ဟောက်​ရွှမ်းနဲ့သွားထိုင်​​ပေးလို့ရမလား.သူက​လေယာဉ်​စီးရတာ​ကြောက်​တယ်​.."

လိမ်​​ပေးလို့​ကျေးဇူးတင်​​ပေမဲ့ သူနဲ့အမြဲတမ်းနိုင်​ငံပတ်​​နေတဲ့​ဟောက်​ရွှမ်းက​လေယာဉ်​​ကြောက်​တယ်​တဲ့လား ရှီးချန်​​ကောကအကြီးဖြစ်​​နေလို့ထိပ်​ချည်းသာလှိမ့်​ထုချင်​သည်

"ဒါ​ပေမဲ့ ​ရှောင်း​လေးအနားမှာကျွန်​​တော်​ရှိမှဖြစ်​.."

"စိတ်​မပူပါနဲ့ ကျွန်​​တော်ေ​န​ပေးလိုက်​မယ်​.ဇာတ်​ညွှန်းလည်းညှိလို့ရတာ​ပေါ့"

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now