part44🌗

3.5K 321 18
                                    


မျက်​စိ​ရှေ့၌အိမ်​သည်​တစ်​ခါမှ​ရောက်​ခြင်းမရှိခဲ့။မောင်​​ခေါ်လို့သာလိုက်​ပါလာခြင်း။ သူက schedule မရှိ​ပေမဲ့​မောင်​သည်​ ရိုက်​ကူး​ရေးရှိရက်​နှင့်​ ဖျက်​လို့​ခေါ်​ဆောင်​ခြင်း​ကြောင့်​ အ​ရေးကြီးမည်​​တော့သူသိပါသည်​။ ကားတံခါးအဆင်သင့်​ဖွင့်​​ပေးသည်​​ကြောင့်​ ​မောင့်​လက်​ကိုတွဲလို့ဆင်းခဲ့သည်​။

"ခဏ..ခဏ​လေး​မောင်​ ဒါဘယ်​သူ့အိမ်​လည်း..."

"​မောင့်​မိဘ​တွေက ​ကောနဲ့​ထပ်​​တွေ့ချင်​တယ်​ဆိုလို့.."

စိုးထိတ်​မိသည်​က မှန်​ရာ၏။ ​မောင့်​မိဘများသည်​သူနှင့်​သ​ဘောမတူလို့်​ အ​မွေ​တောင်​ဖြတ်​ခဲ့ပါ​ရော့လား။ခု​ရော မည်​သည့်​အ​ကြောင်းနှင့်​​ခေါ်သည်​လည်း...။

"​မောင့်​လက်​ကိုကိုင်​ပြီး ဝင်​ရ​အောင်​.​ကြောက်​စရာမရှိဘူး"

ယုံကြည်​ရာဖြစ်​သည့်​လက်​ကိုတွဲလို့အရဲစွန့်​ခဲ့မိသည်​။အိမ်​ထဲသို့​ခြေချလျှင်​ ​ပထမတစ်​ခါလို​မောင်​အထိုးမခံရ​လေ​အောင်​ သူသည်​​ရှေ့သို့မသိမသာ။သို့​ပေမဲ့ အ​တွေးနှင့်​ထပ်​တူမကျခဲ့ပါ။ အရင်နဲ့မတူ​သောမျက်​နှာထားမျိုးနှင့်​​မောင့်​မိဘ​တွေသည်​ ပြုံးလျှက်​ ကြိုဆိုကြသည်​။

"သားမက်​​လေး​ရောက်​လာပြီပဲ..လာပါဦး.."

"​မောင်​.."

လုံးဝမတူသည်​မို့ စိတ်​ထဲတွင်​တမျိုး။အ​ခေါ်​ဝေါ်​တွေ​ပြောင်းလဲမှု​ကြောင့်​ ​မောင့်​လက်​​မောင်းကိုသာကိုင်​ထားမိ​တော့သည်​။.ဘယ်​လို​တွေဖြစ်​ကုန်​ရတာလည်း.....။ငုံ့ကြည့်​လာသည့်​​မောင့်​မျက်​ဝန်းသည်​ ဘာမှမဖြစ်​ပါဘူးဆိုသည့်​ပုံစံ..။

"သွားလိုက်​​ကော.အ​မေက​ခေါ်​နေတာ​လေ.."

"ထူး..ထူးဆန်းတယ်​မလား.မသွားချင်​ဘူး...."

"အန်​ကယ်​တို့ မမှန်​ခဲ့တာသိပါတယ်​..တစ်​​ယောက်​တည်းရှိတဲ့သားရဲ့ဆုံးဖြတ်​ချက်​ကိုအန်​ကယ်​​ရော အန်​တီ​ရောက မတားမြစ်​​တော့ပါဘူး..သားရဲ့အန်​တီ​ခေါ်​နေတယ်​ အင်း​....​ယောက္ခမ​ပေါ့..."

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Onde histórias criam vida. Descubra agora