part23🌗

4.5K 412 3
                                    


လက်​ထဲရှိ အထုတ်​ကြီးနှစ်​ထုတ်​သည်​ ​ကောနဲ့သူ့အတွက်​၁လစာ​တော့လုံ​လောက်​ပါရဲ့။ဒီရက်​ထဲမှာပင်​ပန်းပုံ​ပေါ်သည့်​​ကောအား မ​နေနိုင်​စွာ​တွေ့ချင်​တာမို့ ညလယ်​၂နာရီရိုက်​ကွင်းပြီးသည်​နှင့်​တဆက်​တည်း​ရောက်​လာရသည်​။အချိန်​အားဖြင့်​ ၃နာရီစွန်းစွန်း​လောက်​​ကောအိပ်​​နေမှန်းသူသိပါ၏။ရင်းနှင်းသည့်​password​လေးအနှိပ်​ရင်း အိမ်​အတွင်း​ခြေချ၏။

တစ်​အိမ်​လုံးအနှံ့မီးဖွင့်​၍ ပထမဆုံးမီးဖိုခန်းထဲသို့ဝင်​လိုက်​သည်​။အသီးနည်းနည်း​​ကလွဲရင်​မရှိသည့်​​ရေခဲ​သေတ္တာအတွင်းသို့ ပါလာသည်​များအားစနစ်​တကျထားသည်​။တစ်​ခန်းတည်းသာရှိသည့်​အိပ်​ခန်း​လေးထဲအား​ခြေသံဖွဖွနှင့်​ဝင်​လိုက်​သည်​။စောင်​ပုံထဲမှာနှစ်​ခြိုက်​စွာအိပ်​​နေသည့်​ချစ်​ရသူ။ကုတင်​စွန်းမှာဝင်​ထိုင်းရင်း မျက်​နှာ​လေးအအသာအယာထိ​တွေ့ပါ၏ ကိုယ့်​​ကြောင့်​နိုးသွားမှာမလိုချင်​။မကြာခင်​မှာပဲ အလင်း​ရောင်​လာ​တော့မည်​မို့ ဆိုဖာ​ပေါ်၌သာခဏ​မှေးမိ၏။

*********************************************
****

ပေးထားသည့်​နှိုးစက်​​လေးသည်​ မနက်​၆နာရီအတိကျတွင်​မြည်​ပါ၏။ကောသည်​နိုး​သေးပုံမ​ပေါ်။နဖူး​ပေါ်သို့အနမ်းချန်​ရင်း မနက်​စာအတွက်​ထပြင်​​နေမိသည်​။မနက်​စာကိုနှစ်​​ယောက်​လုံးကသိပ်​အများကြီးမစားတတ်​၍ သီးစုံဟင်းအားပူ​နွေး​နွေး​လေးတစ်​ခွက်​ပြင်​လိုက်​၏။ထမင်းပန်းကန်​လုံး​လေးနှစ်​လုံးကိုအ​မောက်​ထည့်​၍ စားပွဲ​ပေါ်တွင်​​နေရာကျ​စေသည်

"​မောင်​.."

ခပ်​အစ်​အစ်​အသံက​လေး ။လှည့်​ကြည့်​​တော့မျက်​လုံး​လေးပွတ်​သပ်​လို့အနားကိုစမ်းတဝါးဝါး​လျှောက်​လာ​နေပြန်​ပြီ။ချော်​လဲမည်​ဆိုး၍ပခုံး​လေးက​နေထိန်းကိုင်​​ပေးရ၏။

"​​မောင့်​​ကျောနဲ့တူလို့..တကယ်​ပဲ​မောင်​ဖြစ်​​နေတာ "

အပြုံးသဲ့သဲ့​လေးနှင့်​​ကောကဆိုသည်​။မျက်​ကွင်း​တွေ​ချောင်​​နေတာဘယ်​လို​ကြောင့်​လည်း။လူကိုစိတ်​ပူ​အောင်​လုပ်​​နေပြန်​ပါပြီ။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now