part27🌗

4.4K 377 5
                                    

"၁၂နာရီ​တောင်​ထိုး​နေပြီ ​ပြောထားတုန်းက၁၀နာရီအပြီးဆိုပြီး ​"

ဟောက်​ရွှမ်းမျက်​နှာသည်​ဆူပုတ်​လျှက်​။love lineကားအပြီး.ကမ်းလှမ်းထားသည့်​ကားအား သူတို့ဒီ​နေ့အပြတ်​ဖြတ်​မည်​ဖြစ်​သည်​။ရိ​ပေါ်သည်​အချိန်​အားတိကျစွာ​ရောက်​သွားပါ​သော်​လည်း.နာမည်​ရခါစမင်းသမီးက၁နာရီ​ကျော်​​လောက်​​နောက်​ကျ၏။ယခု​တော့ပြီးမည့်​အချိန်​ထက်​ ​နောက်​ကျသည်​မို့ စိတ်​သည်​မရှည်​ပါ။အ​နောက်​မှရိ​ပေါ်သည်​လည်း ကားမှန်​ဘက်​အား​ငေးလျှက်​.။တင်း​နေသည့်​မျက်​နှာသည်​​ဒေါသထွက်​​ကြောင်းသိသာ​နေ၏။

"အချိန်​မတိကျတဲ့သူကိုသ​ဘောမကျဘူး.​နောက်​ဆိုလက်​မခံထားနဲ့.."

"​အေးပါ.နာမည်​​လေးရထား​တော့ လူ​တွေကစည်းပျက်​ချင်​​နေတာ မင်းသမီးကလည်း​တောင်းပန်​ထားပါတယ်​ စိတ်​​လျှော့​တော့.."

အ​ဖြေပြန်​မလာသည့်​စကား​ကြောင်း။ဖုန်းတစ်​လုံးနှင့်​အလုပ်​ရှုပ်​​နေသည့်​ရိ​ပေါ်သည်​ ​စောနကမျက်​နှာထားလားလားမျှမဆိုင်။ပြုံးရွှင်​​နေသည်​မို့ ​ဟောက်​ရွှမ်းသည်​စိတ်​သက်​သာရ၏။သိပ်​မကြာသည့်​အချိန်​တွင်​ ရိ​ပေါ်ထံသို့ဖုန်းတစ်​လုံးဝင်​လာ၏။ပျော်​ရွှင်​သွား​သောမျက်​နှာထားကဖုံးဖိမရ။ကောငယ်​သည်​သူ့အတွက်​စမ်း​ချောင်း​လေးပမာ။

"အလုပ်​က​တော့ဒီလိုပဲမလား​မောင်​ စိတ်​ကို​လျှော့လိုက်​​နော်​"

lineကတဆင့်​ ​ကောငယ်​ကိုယ​နေ့အဖြစ်​အား​ပြောပြထားတာ​ကြောင့်​ စိတ့မတို​စေရန်​သူ့ကို​ဖြောင်းဖြ​ပေးသည်​။ကောငယ်​သည်​အလုပ်​နှင့်​ပတ်​သတ်​လျှင်​ လူကြီး​လေးအလား။

"​မောင်​နားလည်​ပါတယ်​.အခုစိတ်​တိုတာက ၂နာရီ​လောက်​အချိန်​ပုတ်​​တော့ ​ကောနဲ့စကား​ပြောချိန်​​လျော့တာ​ပေါ့.အဲ့မင်းသမီးသာ​စော​စော​ရောက်​လာရင်​ ​ကောနဲ့၂ နာရီ​စောပြီး စကား​ပြောရမှာ​လေ.."

"​မောင်​ကွာ ပိုလိုက်​တာ.."

နားထဲသို့​ပျော်​ဝင်​သွားစီးဝင်​သွား​သောအသံသည်​ တိုးတိုး​လေးသာ။သူ့ရဲ့ထိုသို့အ​ပြော​တွေဆို ​ကောသည်​ရင်​ခုန်​​နေတုန်း။အနားမှာရှိရင်​ မျက်​နှာ​လေးရဲ​သွေးစွာအရှက်​ပိုမည့်​​ကောအား ​ပွေ့ဖက်​မိပါမည်​။ကိုယ့်​ဘက်​က ခပ်​​သော့​သော့ရီမိ​တော့ တစ်​ဖက်​၌နှစ်​​ခေါင်းရှုံ့သံ​လေးကြားရ​သေး၏။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now