part39🌗

3.6K 332 3
                                    


မှန်​အကြည်​​လေးနှင့်​ကာထားသည့်​အိမ်​ငယ်​​လေးကို သ​ဘောတကျကြည့်​​နေ​သည့်​သူ့ရဲ့​ကော။ လက်​ထက်​ပြီးလျှင်​လာဖို့စီစဉ်​ကဲ့​ပေမဲ့ အ​ချော့ကြိုက်​သူ​လေးအား.​ပျော်​ရွှင်​​စေချင်​တယ်​။အချိန်​ပြည့်​ရှိ​နေသည့်​အလုပ်​များနဲ့ ပင်​ပန်း​နေသည့်​​ကော။သီးသန့်​အနားယူ​စေချင်​သည်​လည်းပါ၏။ မှန်​​လေးနားမျက်​နှာကပ်​လို့ ​ရေပြင်​ကျယ်​ကိုလည်းသ​ဘောကျပုံ​ပေါ်သည်​။ ပါး​ဖောင်း​လေးပြားသည့အထိ ကပ်​လို့ကြည့်​၏။မြတ်​နိုးရတဲ့ပါးက​လေးနီသွားမှာမလိုအား။အ​နောက်​က​နေ ခါး​လေးအားအသာဖတ်​ယူလိုက်​သည်​။လည်​တိုင်​ကြားမျက်​နှာအပ်​​တော့ မ​နေတတ်​စွာ​ခေါင်း​လေး​စောင်းငဲ့၏။

"​မောင်​.ခိ.."

အသည်းယား​အောင်​ရီ​နေသည့်​​ကော။ခါးကျင်​ကျင်​​လေးအားပိုလို့​ပွေ့ဖက်​ပစ်​လိုက်​သည်​။

"သ​ဘောကျလား.."

"အင်း..​မောင်​အနားမှာရှိ​နေ​တော့ ဒီမှာ​နေရတာသ​ဘောကျတယ်​..."

ဘေးတိုက်​မြင်​ရသည့်​ နှုတ်​ခမ်း​လေးသည်​ စကား​ပြောတိုင်းသုချွန်​ချွန်​က​လေး။ပြောသည်​များကလည်း ​သူ့အသည်းနှလုံးအား​ခြွေယူသည်​။ဖွက်​ထားစရာ​နေရာ​တောင်​မဲ့ရ၏။

"​မောင့်​ကိုရူး​စေချင်​​နေတာလား​ကော..အရမ်းချစ်​တယ်​ကွာ"

"ဟာ.​မောင်​..ဟိ..ယားတယ်​..."

မျက်​နှာချင်းဆိုင်​​စေလို့ လည်​ပင်း​လေးအားနမ်းမိသည်​။နှာသီး​လေး​တွေကိုက်​မိ​တော့ က​လေးများကဲ့သို့ရီ၏။တကိုယ်​လုံးအိုမ်းကျုံးလို့ ဖက်​နမ်းမိ​တော့သည်​။ဘယ်​ထိများရူး​အောင်​ပြုမူ​နေမှာလည်း​ကောရာ။

"​မောင့်​!"

လွင့်​သွား​သောကိုယ်​လုံး​လေးသည်​ သူ့လက်​ထံ၌ အပုံလိုက်​က​လေး။ငုံ့မိုးကြည့်​​တော့ လန့်​​နေရာက​နေ ချစ်​စဖွယ်​ရီပြ၏။ပေါ့ပါးလွန်း​သောကိုယ်​လုံးငယ်​သည်​ သယ်​​ဆောင်​ရာတွင်​အလွယ်​တကူ။က​လေးတစ်​​ယောက်​အလား​ကောငယ်​။ အမြတ်​တနိုး​ပွေ့ချီ၍ ဆိုဖာ​ပေါ်တွင်​ထိုင်​၏။ကောသည်​ သူ့၏​ပေါင်​​ပေါ်တွင်​​နေရာမပျက်​။ လည်​ပင်းသို့ခိုတွဲထား​သောလက်​က​လေးများနု.နူးညံ့သည်​။ ​နေရာကျ​နေ​သော ​ကိုယ်​လုံး​လေးသည်​ ရင်​ခွင်​ထဲ၌အံကျလှ၏။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now