part38🌗

3.7K 361 12
                                    

fan meeting မှာဖြစ်​၏။ဘေးချင်းကပ်​ထိုင်​​နေပါ​သော​ကောသည်​ ဆူပုတ်​ပုတ်​မျက်​နှာက​လေး။ရီချင်​​ပေမဲ့မရီရက်​။သဝန်​တိုရှာသွားသည်​ကို။စားပွဲ​အောက်​​လေးက​နေ လက်​က​လေးအားစုတ်​ကိုင်​လိုက်​​တော့ ပြန်​ရုန်းထွက်​သွားသည်​။ ​ဟောက်​ရွှမ်း​မွှေ​သောမီးသည်​ တညလုံးဖုန်းဆက်​မရသည့်​အပြင်​ ယခုချိန်​ထိ ​ကောက်​​တော်​မူ​နေတုန်းဖြစ်​၏။

"ခုလိုမျိုး.fan ​တွေနဲ့တစုတ​ဝေးတည်း​တွေ့ရ​တော့ မင်းသားတို့ဘယ်​လိုလည်းမသိ​ပေမဲ့ fan​တွေကအရမ်း​ပျော်ေ​နတယ်​​နော်​.."

ရီ​မောခြင်းရွှင်​သည့်​ MC ​ရှောင်​လုယွမ်​သည်​ ပရိသတ်​များနှင့်​တစ်​စုတ​ဝေးတည်းရှိသည်​အား သ​ဘောကျပုံ​ပေါ်သည်​။ ခပ်​လှမ်းလှမ်းက fanများသည်​ ​အော်​သံများနှင့်​အတူ နှစ်သက်​ခြင်းကို​ဆောင်​၏။

"​ချော့မယ်​​ကော ခု​တော့​ကောရဲ့fan ​လေး​တွေကို ​ပျော်​​အောင်​ထား​ပေး​လေ.."

လက်​က​လေးအားညှစ်​ယူလို့ဆို​တော့ ဆူပုတ်​ပုတ်​မျက်​နှာက​လေးသည်​ ပြုံး၏။ကိုယ်​​ရေးကိုယ်​တာနှင့်​ အခြား​ရေးရာများအား ​ကောသည်​တကန့်​စီရှိ၏။ fan ​လေးများအား.မရိုးနိုင်​တဲ့အပြုံး​လေး​ပေး​တော့ မိန်းက​လေးများသည်​ ထိန်းလို့မနိုင်​ခဲ့ပါ။ဘာလို့ပြည့်​စုံ​အောင်ေ​မွးဖွားခဲ့ပါသလည်း။

"သ​ဘောကျ​ပေး​နေလို့ ​ကျေးဇူးတင်​ပါတယ်​ မင်းတို့​လေး​တွေ​နောက်​အခါ​တွေမှာထပ်​မြင်​ချင်​​သေးတယ်​ ​ကောတို့ကိုလာ​တွေ့ဦးမှာမလား.."

"​တွေ့မှာပါ..​ရှောင်​ကော​ကောတို့ကိုသ​ဘောကျ​တာမို့ အမြဲတမ်းဒီလိုမြင်​ချင်​ပါတယ်​.."

မကြိုက်​သည့်​သူများရှိ​ပေမဲ့ သူတို့အားမြတ်​နိုး​ပေးသည့်​ က​လေးများ​ကြောင့်​ စိတ်​ထဲတွင်ြ​ကည်​နူးမှုက ​နေရာယူ၏။ ​ကော၏လက်​က​လေးကိုပိုစုတ်​ကိုင်​လို့ ပြုံးမိသည်။မသိမသာရုန်းထွက်​ချင်​​နေ​သော လက်​နုနု။စိတ်​​ကောက်​​နေတဲ့ ​ကောငယ်​ကို​ချော့ရပါဦးမည်​​လေ။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now