part18🌗

4.7K 458 14
                                    


"​တောက်​!"

ပြင်းလွန်​တဲ့အသံ​ကြောင့်​ သူတို့ရဲ့တိုက်​ခန်း​လေးမှာအသံကလွှမ်းမိုးသွားသည်​။ ပြဿနာဖြစ်​မည်​ဆိုး၍​တောင်​ အတူပြန်​မလာခဲ့ပါ။ယခု​တော့ ​ပျော်​ခဲ့တဲ့အ​ပျော်​ကကုန်း​ကောက်​၍မရ​အောင်​။datingသတင်းကြီးသည်​ အနု​ပညာ​လောကကမှာမသိတဲ့သူမရှိတဲ့အထိ။ကော​ရောအဆင်​​ပြေ​နေရဲ့လား ဖုန်းဆက်​​ပေမဲ့စက်​ပိတ်ထားသည်​ဆိုတဲ့ဖုန်း​လေး​ကြောင့်​ ရင်​ထဲမှာပူပြင်း​​နေသည်​။ဒီကိုပြန်​​ရောက်​လာတာ​တောင်​ သတင်းသမား​တွေမသိ​ရ​အောင်​ လှည့်​ပတ်​ပြီးပြန်​လာရတာ။ပြန်​လာကြိုတဲ့ရှီးချန်​​ကောနဲ့ ​ဟောက်​ရွှမ်းတို့က ပြန့်​နှံ့​နေတဲ့datingသတင်းကို​ပြောတဲ့အချိန်​ တခြားဘာမှမ​တွေးနိုင်​ ​ကောကိုသာစိတ်​ပူမိ၏။ airport မှာ​ခြေချစရာ​တောင်မရှိ​အောင်​ကို တိုး​ဝှေ့​နေတဲ့mediaသမား​တွေ ဘာလို့သူများ privacy ကိုစိတ်​ဝင်​စားမှုပြင်း​​နေသလည်း ။

"​ကောဆီကိုသွားချင်​တယ်​.."

"ဝမ်​ရိ​ပေါ်..စိတ်​ကို​အေး​ဆေးထားပါ ငါတို့လည်းကူ​ပေးမှာ​ပေါ့"

အ​တွေးထက်​လျှင်​မြန်​စွာအကျီ င်္အနက်​တစ်​ထည်​နဲ့ကား​သော့ကို​ကောက်​ယူ​တော့ရှီးချန်​​ကောကတားမြစ်​၏။.သူ့စိတ်​ထဲမည်​သို့​အေး​ဆေးနိုင်​မည်​နည်း။မမြင်​ရတဲ့​ကောအဆင်​မ​ပြေမှာကို​ကြောက်​ရွံ့သည်​။တိုက်​ခန်း​တွေထဲကိုအသွားအပြန်​​လျှောက်​​နေကခင်းက ​ကောကိုစိတ်​ပူ​နေတဲ့စိတ်​အားမငြိမ်း​ပေးနိုင်​။တကိုယ်​လုံး​ချွေး​စေးထွက်​ရသည်​။

"​ဟောက်​ရွှမ်း..မင်းရှင်းချန်​​ကောကိုဖုန်းဆက်​​ပေးပါလား ​ကောအဆင်​​ပြေရဲ့လားသိချင်​တယ်​.."

အနားမှာကပ်​ပြီး​တောင်းဆို​တော့ ​ခေါင်းငုံ့သွား၏။ သူသိလိုက်​ပြီရှင်းချန်​​ကောလည်း​​ဒေါသထွက်​​နေ​ရော​ပေါ့။

"​တောင်းပန်​ပါတယ်​​ဟောက်​ရွှမ်း ငါတို့​ကြောင့်​ မင်းနဲ့ရှင်းချန်​​ကောရန်​ဖြစ်​တယ်​မလား"

"အကို့ကိုငါ​ချော့မှာပါ အခုမင်းလိုပဲကျန့်​​ကောအဆင်​​ပြေရဲ့လား​တွေး​နေတာ ငါ့ကိုအားမနာနဲ့.ငါတို့ကmanagerနဲ့ဇာတ်​ညွှန်း​ရေးသူ သတိမထားမိတဲ့သူမရှိဘူး ရှိလည်းပြဿနာမတတ်​ဘူး မင်းနဲ့ကျန့်​​ကော..."

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Tempat cerita menjadi hidup. Temukan sekarang