စာစဉ် ၂ (၂၁-၃၀)
5.7K 634 12
အခန်း ၂၁ : မင်းသွားနိုင်တဲ့နေရာအထိသွား (1)
ထိုဖြစ်ရပ်မှာ ဂူယူရှန်းမျက်လုံးထဲ သံတစ်ချောင်း စိုက်ဝင်သွားဘိသကဲ့သို့နှယ် ၊
သူ ချက်ချင်းပင်
ခေါင်းကို တစ်ဖက်လှည့်ပြီး
ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့၏ ။
ကားထဲတွင် ချင်းကျီအိုက်၏ ငိုရှိုက်သံသာ ထိုးထွက်နေပြီး ထိုအသံက ဂူယူရှန်း နားထဲကို တိုးဝင်နေသည် ။
ဂူယူရှန်း သူမလေး၏ မျက်ရည်ရွဲနေသည့် မျက်နှာလေးကို စက္ကန့်ပိုင်းလောက် ငေးကြည့်လိုက်မိပြီးနောက် မောင်းသူနေရာမှာ ပြန်ထိုင်လိုက်တော့၏ ။
ဂူယူရှန်းသည် သူမကို လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း သူမလေးသည်ကတော့ ရှိုက်ငိုနေဆဲ ...။
ကားထဲက လေထုသည် မွန်းကြပ်လွန်းလာပြီး
ဂူယူရှန်း ကားပြတင်းပေါက်ကို ဖွင့်လိုက်မိလေရာ
တဟူးဟူး တိုးဝင်လာသည့် နွေရာသီ၏ ညလေ ပူပူက ပိုလို့ပင် စိတ်ရှုပ်ဖို့ ကောင်းနေပြန်သည် ။ သူ့လက်ချက်ကြောင့် စုတ်ပြဲနေပြီဖြစ်သည့် ချင်းကျီအိုက်အင်္ကျီကို မှန်ထဲကနေ လှမ်းကြည့်မိပြန်တော့လည်း ဒေါသက လှိုက်တက်လာပြန်ပြီး ကားပြတင်းပေါက်ကို  ပြန်ပိတ်ပစ်လိုက်မိတော့၏ ။
ထို့နောက် ဆေးလိပ်ဗူးထဲက ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိပြီး အလုံပိတ်ကားထဲ ဖွာနေလိုက်သည် ။
ချင်းကျီအိုက်သည်ကား ရှိုက်နေဆဲ....
အကြာကြီးငိုနေခဲ့သဖြင့် သူမလေးပခုံးက နိမ့်ချည်မြည့်ချည် ၊ သူမလေး၏ တဖွဖွ ရေရွတ်နေသံကလည်း တိုးညင်းလွန်းသဖြင့် 
ဂူယူရှန်း မကြားရ ။
သောက်လက်စ ဆေးလိပ်ကို ဆက်သောက်နေရင်း အနီးနားက လမ်းမီးတိုင်ကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေပြီးနောက် သူမလေးဘက်ကို လှည့်ကြည့်လိုက်မိ၏ ။
“သွားခွင့်ပြုပါ”
“ကျေးဇူးပြုပြီး ...ကျွန်မ..ရှင့်နဲ့ ဝေးရာမှာ နေပေးပါ့မယ် ...”
“ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး ၊ ဘယ်နေရာပဲဖြစ်ဖြစ် ရှင့်သဘောပါ ဒါပေမဲ့ လမ်းပေါ်မှာ...လမ်းပေါ်မှာတော့ ဒီလိုမလုပ်ပါနဲ့ ကျေးဇူးပြုပြီး.....”