စာစဉ် ၃ (၁၅-၂၀)
5.2K 698 12
စာစဉ် ၃၊ အခန်း ၁၅။  နက်ရှိုင်းတဲ့အချစ်နဲ့ ဝမ်းနဲဖွယ် ကံကြမ္မာ (5)
ငါတို့ အခုမှ ဂူအိမ်တော်ကနေ ထွက်လာတာ မဟုတ်ဘူးလား၊
ဘာလို့ ထပ်ပြီး သွားမှာလဲ။
ရှောင်းဝမ် အနောက်ကြည့်မှန်ကနေ ဂူယူရှန်းကို လှမ်းကြည့်လိုက်မိသည် ။
သူမျက်နှာက တည်ငြိမ်နေသော်လည်း သူ သူဘာတွေတွေးနေလဲကို ဘယ်သူမ မသိကြပါချေ ။
ဂူ စံအိမ်ထဲ ဝင်လိုက်ချိန် လျန်ဒေါ့ကူ၏ ကားရပ်ထားတာကို
ရှောင်ဝမ် လှမ်းမြင်လိုက်သည် ။
တိုက်ဆိုင်လိုက်တာဟု ပြောမလို့ ပြင်လိုက်မိရင်း
တစ်ခုခုကို သတိရသွားမိကာ ပြောခါနီးဆဲဆဲ စကားတွေကို ပြန်မျိုချလိုက်မိ၏ ။
မိန်းကလေး လျန် ရဲ့ ကားကိုတွေ့တော့ ရပ်ခိုင်းတယ်၊ 
အကြာကြီး စောင့်ကြည့်နေတယ် ၊ မိန်းကလေး လျန် ထွက်သွားတော့ ဂူအိမ်တော်ကို ပြန်လိုက်လာတယ် ။
မိန်းကလေး လျန် ဒီကို ပြန်လာမယ်ဆိုတာကို သခင်လေးက ကြိုသိနေတာလား ။ ဒါပေမယ့် သူက အမြဲတမ်း မိန်းကလေးကို မုန်းနေတာမဟုတ်ဘူးလား။
ရှောင်ဝမ် တွေးကြည့်လေလေ ရှုပ်လာလေလေ ။
ဂူယူရှန်းသည် ဆေးလိပ်ကို ထုတ်သောက်လိုက်ပြီး ရှောင်ဝမ်ကို ကားထဲက စောင့်နေခိုင်းကာ တစ်ယောက်ထဲ ထွက်သွားလေပြီ ။
တံခါးမခေါက်နေတော့ဘဲ အိမ်တံခါးလော့်ခ်နံပါတ်ကို ရိုက်ထည့်ကာ တံခါးဖွင့်လိုက်ပြီး အိမ်ထဲ ၀င်လိုက်မိချိန် ။
"ဟုတ်တယ် သူ စားပစ်လိုက်တာ နာနီကျန်း ချက်ပေးလိုက်တာတွေက သူ့အကြိုက်တွေချည်းပဲ ဆိုတော့ အကုန်ကို စားပစ်တော့တာပဲ၊ ကျွန်မလဲ ကြာကြာနေမလို့ပါ ဒါပေမယ့် ယူရှန်းက အစည်းအဝေးတက်စရာ ရှိနေသေးလို့ ဆက်နေရင် အနှောင့်အယှက်ဖြစ်မှာ စိုးတာနဲ့ ပြန်လာခဲ့တာ"
ထိုတော့မှ လမ်းပေါ်မှာ လျန်ဒေါ့ကူ လုပ်ခဲ့တာတွေကို နားလည်သွား၏ ။
အဖိုးကို နေ့လည်စာ ယူသွားပေးမယ် ပြောခဲ့ပေမည့် တစ်ကယ်လုပ်ဖို့ရာ စိတ်ကူးမရှိခဲ့ ။
ပိုပြီး ယုတ္တိရှိအောင် လမ်းမှာ တစ်ယောက်ထဲ စားခဲ့ပြီး ကားထဲ တစ်ရေးပါ အိပ်ခဲ့ပြီးမှ ထမင်းချိုင့်ကို ပြန်ယူလာပေးခြင်း ။