စာစဉ် ၃ (၂၁-၂၆)
5.2K 665 6
စာစဉ် ၃၊ အခန်း ၂၁။ တခြားလူတွေ ဒုက္ခရောက်နေရမဲ့အစား သူ သေသွားတာက ပိုကောင်းတယ် (10)
ဂူယူရှန်း နက်ခ်တိုင်ကို စည်းနေတာ ၂ကြိမ်ရှိနေပြီဖြစ်ပေမဲ့ ခုထိအဆင်မပြေနိုင် ။ အိမ်အကူရဲ့စကားကို ကြားလိုက်ပြီး လသာဆောင်မှာ သူမလေး ပြောခဲ့သည့် စကားကိုပါ ပြန်သတိရသွားတာကြောင့် လက်တုန်သွားပြီး ပြီးခါနီးဖြစ်နေသည့် နက်ခ်တိုင် က ပြေသွားတော့သည် ...
ဂူယူရှန်း၏အနောက်မှာ ရှိနေသည့် အိမ်အကူသည် သူ့မျက်နှာအမူအရာကို မမြင်ရသည့်အပြင်
ဂူယူရှန်းဆီက တုံ့ပြန်သံတစ်ခုခုကိုလည်း မကြားရတာကြောင့် စကားတစ်ခွန်းကို အလိုက်မသိစွာ ဆိုလိုက်မိသည် ။
“သခင်လေး ခဏလောက်စောင့်ပေးပါလား ၊ မိန်းကလေးက ဇာတ်ညွှန်းဖတ်တာ နည်းနည်းကျန်နေသေးလို့ ခဏနေ ဆင်းလာမယ်လို့ ပြောတယ် ၊ အဲ့ဒါ သခင်လေး သူနဲ့အတူ စားဖို့ ခဏစောင့်လိုက်ပါလား..ဟို...”
အိမ်အကူရဲ့စကားမဆုံးသေးခင် ဂူယူရှန်းသည် နက်ခ်တိုင်ကို ဆွဲဖြုတ်ပြီး လှေကားအောက်ကို ဒေါသတကြီး လွှတ်ပစ်လိုက်ကာ ..
“ဘယ်သူမှ မလိုဘူး ကျွန်တော် သူနဲ့ မနက်စာစားမယ်လို့ ဘယ်သူပြောလဲ”
အိမ်အကူလည်း ကြောက်လန့်တကြီး ပါးစပ်ကို လက်နဲ့ အုပ်ကာ ပိတ်လိုက်မိ၏ ။ အသက်ပင် ရဲရဲမရှူရဲတော့ ...
“ကျွန်တော် ထမင်းစားပွဲမှာ ရှိနေတုန်း သူ့ကို ပေါ်မလာစေနဲ့ ။ စိတ်အနောင့်အယှက် ဖြစ်ရလွန်းလို့ နောက်တစ်ခါ ကျွန်တော့်ရှေ့မှာ သူ့အကြောင်းကို စကားနဲ့တောင် မပြောမိစေနဲ့ ။ သူနဲ့ပတ်သက်တာအားလုံးက စိတ်ပျက်စရာ ကောင်းလို့”
ဂူယူရှန်း အနောက်ကို လှည့်ပြီး အိမ်အကူကို မသတီဖွယ်
အကြည့်မျိုးနဲ့ ကြည့်လိုက်တော့ အိမ်အကူမှာ ကြောက်ပြီး တုန်တောင်တုန်သွားသလိုပင် ။
ဂူယူရှန်းသည် မကျေနပ်ဖြစ်နေသည့် မျက်နှာထားနဲ့ အောက်ထပ်ကို ဆက်ဆင်းလာလိုက်သည် ... ထို့နောက် အပြင်စီးဖိနပ်ကို ပြောင်းစီးပြီး တံခါးကို ၀ုန်းခနဲ ဖွင့်တာ ဘာတစ်ခွန်းမှ မပြောပဲ ထွက်သွားတော့သည် ။