Part-5

63.4K 6.1K 338
                                    

Unicode

လျှမ်းပဦးတစ်ယောက် ကားအားတရပ်ကြမ်းမောင်းနှင်လာခဲ့ရင်း မိနစ်အနည်းငယ်အကြာ၌ X Clubသို့ရောက်လာခဲ့သည်။

"လျှမ်းပ ဒီနေ့စောလှချည်လားကွ"

မိန်းကလေးတစ်ယောက်၏ခါးအားဖက်ထားလျက် ရောက်လာသည့်ဆက်အောင်က လက်ထဲ၌ဝိုင်ခွက်ကိုလည်းကိုင်လျက်။

"ဟုတ်တယ်ကွာ.. နည်းနည်းညစ်နေလို့ ငါ့ကိုအခန်းစီစဉ်ပေး ခဏနားမလို့"

"မင်းဘာဖြစ်နေတာလဲ မျက်နှာကမသာမယာနဲ့"

"နောက်တော့ပြောမယ်ကွာ ခုငါပြောတာလုပ်ပေး"

ဆက်အောင်က ခေါင်းငြိမ့်ပြရင်း ဝန်ထမ်းတစ်ယောက်အား အခန်းစီစဥ်ပေးရန်ပြောလိုက်သည်။

"နေပါဦး...ဒါနဲ့ ဟိုကောင် ဇော်ထက်မာန်နဲ့ တိမ်ရောင်လင်းက ဘယ်ရောက်နေတာလဲ "

"မသိပါဘူးကွာ.. ငါ့ဆီလည်းမလာတာကြာပြီ... ဒီတစ်လောအဲ့နှစ်ကောင် တစ်တွဲတွဲနဲ့ ဘာဇယားတွေကပ်နေကြလဲမသိဘူး"

"ကို!"

Roomထဲသို့သွားရန်ပြင်လိုက်စဥ် အနောက်မှရုတ်တရက်ထွက်လာသည့်အသံကြောင့် လျှမ်းပဦး လှည့်ကြည့်လိုက်သည်။

"ဒေစီ"

ပေါင်လယ်ထိခွဲထားသည့် ဒူးလောက်ကိုယ်ကျပ်ဂါဝန်အနီရဲရဲအား ဝတ်ဆင်ထားသည့်မိန်းကလေးကဆွဲဆောင်မှုအပြည့်ပင်။ ချွန်ထက်နေသည့်ဒေါက်မြင့်မြင့်ကိုစီးထားပြီး ရှည်သွယ်လျနေသည့်သူမ၏ ခြေတံ‌တွေကဖြူဝင်းနေ၏။

Body fit အောက်နေကနေ ထင်းထွက်နေသည့် ရင်အစုံက ပုရိသတို့အား အကြိမ်ကြိမ်ငေးမောရလောက်အောင်အထိတမင်ဆွဲဆောင်ထားသယောင်။ Sexyဆန်ဆန်နှုတ်ခမ်းထူထူပေါ်၌ နီရဲရဲဆိုးဆေးတင်ထားသည်။ မြှောက်စည်းထားသည့် ဆံပင်အားခါးယမ်းလျက်ခန္ဓာကိုယ်အား နွဲ့နှောင်းကာလျှောက်လှမ်းလာ၏။

"ကို့ ဒေစီ Phတွေဆက်နေတာကိုကွာ ဘာလို့မကိုင်ရတာလဲ"

လျှမ်းပ သူ့လက်‌မောင်းအားချိတ်လျက် ချွဲချွဲနွဲ့နွဲ့ပြောလာသည့်မိန်းက‌လေးကို ခါးက‌နေ ပြန်ဆွဲဖက်လိုက်သည်။ ထို့နောက် မျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်ပြီး...

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now