Part-22

62.1K 4.7K 676
                                    

Unicode

နေ့သစ်တစ်ခုအားအစပြုချိန်ကိုကျော်လွန်၍ မနက်၆နာရီခန့်အချိန်တွင် ဒေါ်ကြီးခင် တစ်ယောက်နိုးထလာခဲ့သည်။ ပုံမှန်ထချိန် ၅နာရီဆိုပေမဲ့ မနေ့ညကနေမကောင်းချင်သလိုဖြစ်နေပြီးအိပ်မရ၍ အိပ်ဆေးသောက်ခဲ့သည့်ဒဏ်ကြောင့် နောက်ကျမှနိုးခဲ့ခြင်းဖြစ်သည်။

သို့သော် ဖိုးဝလေးသည် ယနေ့မိမိအားလာမနိုးခဲ့ပေ။ ပုံမှန်ဆို ကိုယ်တစ်မိနစ်လောက်နောက်ကျတာနဲ့ တံခါးလာခေါက်တတ်တဲ့ကလေးက ထူးဆန်းစွာတိတ်ဆိတ်နေတာကြောင့် မီးဖိုခန်းထဲသို့ဦးစွာဝင်ရှာခဲ့သော်လည်းမတွေ့ပေ။ သူ့အခန်းကျဥ်းလေးထဲဝင်ကာကြည့်သော်လည်းမရှိပြန်တာကြောင့် သူ့အကိုလေး အခန်းထဲရောက်နေလောက်မည်ဟုတွေးမိကာ အပေါ်တက်သွားခဲ့လိုက်သည်။

' ဒေါက်! ဒေါက်! ဒေါက်! '

တံခါးတစ်ချက်ခေါက်ကြည့်လိုက်သော်လည်း အထဲမှတုန့်ပြန်သံမှမကြားရတာကြောင့် နောက်တစ်ခါထပ်ခေါက်ကြည့်လိုက်သည်။

' ဒေါက်! ဒေါက်! ဒေါက်! '

ဒုတိယအကြိမ်ခေါက်ကြည့်ပြန်သော်လည်း တုံ့ပြန်လာခြင်းမရှိတာကြောင့် စိတ်ပူမိသွားရင်း မိမိဘာသာပဲ တံခါးကိုအသာလေးတွန်းဖွင့်ကာ အခန်းထဲဝင်လာကြည့်လိုက်သည်။

အခန်းထဲသို့ရောက်ရောက်ခြင်းမှာပင် ရုတ်တရက် မျက်စိရှေ့မှမြင်လိုက်ရသည့် မြင်ကွင်းက မိမိအားအသက်ရှုပင် ရပ်သွားစေလောက်သည်အထိဖြစ်ခဲ့ရသည်။။ ထိုမြင်ကွင်းအား အနီးကပ်သွားမကြည့်တာတောင် မိမိရင်အား ဓားဖြင့်မွှန်းနေသကဲ့သို့ခံစားနေရတာကြောင့် ပါးစပ်ကိုလက်ဖြင့်အုပ်လျက်သာ အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည်။
ဒေါ်ကြီးခင်တစ်ယောက် မျက်နှာအထက်သွေးမရှိလောက်အောင်ထိဖြူဖျော့နေခဲ့ပြီး လမ်းပင်သေချာမလျှောက်နိုင်အောင်ထိ ကတုန်ကယင်ဖြစ်နေခဲ့သည်။

ထိုအချိန်၌ ရုတ်တရက်ဆိုသလို ခြံထဲသို့ ကားတစ်စီးမောင်းဝင်လာလေ၏။ လျှမ်းပဦး၏ မိဘတွေနှင့် မင်းမြတ်ဦးတို့ ခရီးမှပြန်ရောက်လာကြခြင်းဖြစ်သည်။ ကားပေါ်မှ ရှေ့ဆင့်နောက်ဆင့်ဆင်းလာကြရင်း အိမ်ထဲသို့ဝင်လာတော့ ဒေါ်ကြီးခင်မှာလှေကားအောက်အဆင့်၌ထိုင်လျက် ရင်ဘတ်ကိုဖိပြီး တစ်ခုခုဖြစ်နေသည်ကိုမြင်ကြ၍ အပြေးလာပြီး ဝိုင်းဝန်းကာမေးမြန်းကြ၏။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now