Part-21

72.3K 4.6K 211
                                    





အချိန်အားဖြင့် မနက်၅နာရီခန့်။ အခန်းတွင်းအိပ်ပျော်နေသည့်ကောင်လေးမှာ စောစောထတက်သည့်အကျင့်ကြောင့် မျက်လုံးတို့မှာအလိုလိုပွင့်လာပြီး နိုးထလာခဲ့သည်။

ဘာကြောင့်ရယ်မသိ နိုးလာလာခြင်း ခေါင်းကတဆစ်ဆစ်နှင့်တစ်ကိုယ်လုံးလဲကိုက်ခဲနေသောကြောင့် ခဏတာမျှငြိမ်နေခဲ့လိုက်သည်။ သို့သော် မိမိအိပ်စက်နေသောနေရာသည်အိစက်နေကာ တဒုန်းဒုန်းနှင့် နှလုံးခုန်သံလိုလိုအသံမျိုးကြားနေရတာကြောင့် မျက်လုံးတွေကို အားယူဖွင့်ရင်း အိပ်ပျော်နေခဲ့သည့်နေရာကိုထကြည့်လိုက်မိတော့....

"ဟာ အ အကိုလေး "

မိမိအိပ်ပျော်နေခဲ့သည့်နေရာသည် အကိုလေး၏အင်္ကျီမပါသော ရင်အုပ်ကြီးပေါ်၌ဖြစ်နေ၏။ရိုးရိုးအိပ်နေခြင်းတောင်မဟုတ် တစ်ကိုယ်လုံးကိုပြစ်တင်ထားပြီးဘေးတစ်ဖက်တစ်ချက်စီ၌ ခြေထောက်တွေကို ကားယားကြီးကခွထားသည့်ပုံစံဖြင့် ဖားပျံကပ်သလိုကပ်ပြီးတော့ကိုအိပ်နေခြင်းဖြစ်သည်။

"အကိုလေးနိုးလာရင်တော့ ငါတော့ သေတော့မှာပဲ"

ကိုယ့်ဘာသာပဲတိုးတိုးလေးရေရွတ်လိုက်ရင်း အကိုလေးကိုကြည့်လိုက်တော့ လက်တွေကိုခေါင်းအောက်ခုထားလျက် မျက်လုံးတွေကတော့မှိတ်ထားဆဲပင်။ ကြည့်ရတာတော့ အိပ်မောကျနေသေးသည်ထင်ပါသည်။ အကိုလေးနိုးသွားလို့ ဒီအခြေအနေကြီးကိုသာမြင်ရင်တော့ သူကျိန်းသေပေါက်ခေါင်းခေါက်ခံရမှာသေချာသည်။ မခန့်မသင့်ရင် ကိုင်ပါပေါက်ခံရမည့်ကိန်းရှိသည်။

အတွေးတွေနဲ့အတူ ကြက်သီးတွေပါထလာပြီး အိပ်နေမှအမြန်ထဖို့ပြင်လိုက်သည်။ အကိုလေးမနိုးအောင်လည်း သတိထားရမှာမို့ ဖြည်းဖြည်းချင်းခြေထောက်တစ်ဖက်ကိုအရင်ဆုံးမလိုက်စဥ်...

"အဲ့တာ ဘာလုပ်နေတာလဲ နိုးရင်ထတော့လေ"

"အမလေး! အကိုလေး"

ရုတ်တရက်ထပြောလိုက်သည့် အကိုလေး၏အသံကြောင့် ရုတ်တရက်လန့်မိသွားသွားပြီး ကဗျာကယာကျုံးထလိုက်တာမို့ ကုတင်အောက်သို့ အားပါပါပြစ်ကျသွားရသည်။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now