Part-24

57.2K 5.1K 276
                                    

Unicode

မကြာမှီအချိန်အတွင်း လေယာဥ်မယ်လေး၏ကြေငြာသံနှင့်အတူ မြန်မာနိုင်ငံလေဆနပ်အတွင်းသို့စိုက်ရောက်လာခဲ့သော လေယာဥ်တစ်စီးလည်းရှိခဲ့သည်။

ရွှေ့လျားနေသည့် နာရီလက်တံတွေနဲ့အတူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့အလယ် သူ့ထက်ငါလှုပ်ရှားသွားလာနေကြသည့်လူများ၊ ထွက်ခွာကြတော့မည့်လူများ၊ အိမ်အပြန်ခရီးအားကြိုဆိုနေကြသည့်လူများနှင့် နေရာတိုင်းတွင် စုရုံးလျှက်ရှိနေကြ၏။

မြေပြင်ပေါ်သက်ဆင်းလာခဲ့သည့်လေယာဥ်ပေါ်မှ  ဆင်းလာခဲ့သောလူတစ်ယောက်၏ ခြေလှမ်းတွေကတော့ မြန်ဆန်မနေခဲ့။

အနက်ရောင်Long Coatအရှည်ကို နီညိုရောင်လည်ပိတ်ဆွယ်တာနှင့်တွဲဖက်ဝတ်ဆင်ထားခဲ့သော လူသည် ဆံပင်ရှည်တို့အား အပေါ်မှတစ်ရစ်စုထုံးထား၏။ ဖုံးကွယ်ထားခဲ့သည့်အနက်ရောင်နေကာမျက်မှန်ကြောင့် မျက်ဝန်းဆွေးဆွေးတို့အားမမြင်ရပေမဲ့ တည်တံ့နေသည့်မျက်နှာထားခပ်တင်းတင်းကိုတော့ သေချာစွာမြင်နေရသည်။ ထင်းလွန်းနေသည့်မျက်ခုံးမွှေးထူထူတွေနှင့် မြင့်မားသည့်နှာတံခပ်ဆင်းဆင်းကိုတော့ ဘယ်အရာကမှဖုံးကွယ်မထားနိုင်ခဲ့။

မြင့်မားလွန်းသည့်အရပ်အမောင်းက ပြောင်လက်နေသည့်အနက်ရောင်latherဖိနပ်ခပ်မြင့်မြင့်ကြောင့် ပို၍ရှည်လျားနေသယောင်။ ​

တင်းတင်းစေ့ပိတ်ထားသည့်နှုတ်ခမ်းလွှာတွေကတော့ ပြတ်သားသည့်အခြေအနေတွေအားပြသနေသလို ပြောင်းလဲလာသည့်အရိပ်အယောင်တွေကိုလည်း ဖော်ပြပေးနေသလို။

တ​ဖြည်းဖြည်းရွေ့လျားနေခဲ့တဲ့ ​ခြေလှမ်းတွေဟာ ခြေမချချင်ခဲ့သော မြန်မာနိုင်ငံကြီးအား ကြိုဆိုနေခဲ့သည်။ ရင်နင့်စရာအတိတ်တွေ ထုံမွှန်းနေသော ဤအရပ်အား အမှန်တကယ်ခြေမချချင်သေးသော်လည်း ပြန်လှည့်ခဲ့ဖို့လည်းမတတ်သာအတွက် ရှေ့ဆက်ဖို့သာရွေးချယ်ခဲ့ရသည်။

မြန်မာနိုင်ငံခြေချလိုက်သည်နှင့် စိတ်ရှုပ်စရာအဲ့ဒီအတွေးပေါင်းများစွာတို့က သူ့ခေါင်းထဲကိုအုံလိုက်ကျင်းလိုက်ကိုဝင်ရောက်လာခဲ့သည်။ စိတ်ရှုပ်လာတာမို့ ခေါင်းတွေကိုရမ်းခါပစ်လိုက်ရင်း luggageအားဆွဲလျက် ခြေလှမ်းတွေအား ပုံမှန်ထက်ခပ်စိပ်စိပ်လျှောက်သွားလိုက်တော့သည်။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now