Part-26

60.3K 4.6K 587
                                    

Unicode

အနီရောင်ကောဇောများဖြင့်ခင်းကျင်းအလှဆင်ထားသော မင်္ဂလာဆောင်ခန်းမကြီးတစ်ခု။

ကြွရောက်လာကြသောဂုဏ်သရေရှိ လူကြီးလူကောင်းအပေါင်းတို့က အဖြူရောင်စားပွဲခုံများအထက် နေရာယူနေကြသည်။
တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာတစ်ချို့နှင့် စိတ်ကျေနပ်စေသော ဝန်ဆောင်မှုတို့။
ပျံ့လွင့်နေသော မင်္ဂလာတေးသံသာတွေနဲ့အတူ ကင်မရာမီးတဖြတ်ဖြတ်သံတို့ကလည်း အပါအဝင်ပေါ့။

နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအဝိုင်းတို့နှင့်အတူ မင်္ဂလာခန်းမကြီးရဲ့အလယ် အဖြူရောင် သတို့သားလေးနှစ်ယောက်ကတော့ အချစ်တွေထုံမွှန်းနေသော အကြည့်တွေ အပြုံးတွေမျှဝေနေကြလျက်။

"မာန် လျှမ်းပ မလာသေးဘူးလား"

"မရောက်သေးဘူးထင်တယ်.. ဆက်အောင်ကိုသွားမေးရအောင်.."

"အင်း"

တိမ်ရောင်တို့နှစ်ယောက် ထောင့်ဆုံးစားပွဲဆီသို့ဦးတည်ရင်း ကောင်မလေးတစ်ယောက်နှင့်မျက်နှာချင်းဆိုင်ထိုင်ရင်း အကြည်ဆိုက်သည့်ဆက်အောင်ဆီသို့သွားလိုက်သည်။ ကိုယ့်သူငယ်ချင်းတွေရဲ့ပွဲဆိုတာတောင် သတိရသေးရဲ့လားမသိပါ။ မနက်ကတည်းလာပြီး ဖွန်ကြောင်နေလိုက်တာများမရပ်မနားပင်။ တိမ်ရောင် အနားကိုရောက်သည်နှင့် သကောင့်သားဆက်အောင်အား အနောက်ကနေ ဇာတ်ပိုးကိုဖြတ်အုပ်ချလိုက်သည်။

"အာ့ ဟေ့ကောင် ဘာလုပ်တာလဲကွ"

"ထုတာလေ မသိဘူးလား"

"ဟေ့ကောင် ဇော်ထက်မာန် မင်းမိန်းမမင်းထိန်းနော် ငါဒူးတွေတံတောင်တွေမပါချင်ဘူး"..

"ဘောကို မိန်းမပါလား ခွေးသဒေါင်းစားရဲ့"

"မင်္ဂလာယူနေတဲ့အချိန် မိုးမွှန်နေအောင်ဆဲနေတဲ့ သတို့သား မြင်တောင်မမြင်ဖူးဘူးကွာ.. "

"ဆဲမှာပေါ့ မင်းက ငါ့သဲလေးကိုဆဲအောင်လုပ်နေတာကို.."

"Shit! ငါတော့ကံမကောင်းပါလားကွာ အားတောင်ငယ်လာပြီ..."

"စောက်အက်ဖုအေကောင်"

"မင်းလိုတော့ မယားကြောက်မဟုတ်ဘူး အဟက်!"

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now