Part-36

70.1K 4.7K 412
                                    



အရပ်ရှစ်မျက်နှာတစ်ခွင် အုံ့ဆိုင်းနေသော မြူတို့၏အခိုးအငွေ့ကြောင့် ခပ်ရေးရေးသာမြင်နေရသော သဘာဝ၏အလှတရားတို့က စိတ်ချမ်းမြေ့စရာအတိ။
ဖြူလွလွ မြူခိုးမြူငွေ့တို့၏ နေရာယူထားမှုကြောင့် မြေပြင်သည်ပင်ပျောက်လုနီးပါး..။

တိတ်ဆိတ်နေသော ဘေးပတ်ဝန်းကျင်တခွင်၌လည်းအုပ်မှိုင်းနေသော သစ်ပင်ကြီးတို့ဖြင့် ခြံရံနေကာ နေရောင်ခြည်ရယ်လို့မရှိ။
မျိုးစုံလှသည့်သစ်ပင်ပန်းမာန်တို့ကြောင့်လမ်းတစ်လျှောက် ထုံသင်းပျံ့နေသောပန်းရနံ့တို့မှာ စိတ်ကြည်လင်မှုကို အတိုင်းသားရစေ၏။
ရွေ့လျားရာလမ်းတစ်လျှောက်တွင်လည်း ဝတ်စုံအဖြူများနှင့် ပုဂ္ဂိုလ်တွေက မိမိတို့၏အိမ်ဆောင်လိုနေရာမျိုး၌ အေးချမ်းစွာ တရားကျင့်ကြံနေကြသည်။

ထိုသို့သောမြင်ကွင်းများအား ငေးကြည့်နေခဲ့သော ကောင်လေးတစ်ယောက်လည်းရှိနေခဲ့သည်။ ထိုကောင်လေးသည် သူ၏ခြေလှမ်းတွေအား တရွေ့ရွေ့လျှောက်လှမ်းနေရင်း နေရာတစ်ခုသို့အရောက်တွင် ဝတ်စုံအဖြူနှင့်လူတစ်ယောက်သည် သူ၏အရှေ့၌ပိတ်ရပ်လာလေတာကြောင့် ခြေလှမ်းတွေကိုရပ်တန့်ခဲ့လိုက်သည်။

"ကောင်လေး ဒီနေရာကိုမျက်စိလည်လမ်းမှားပြီး ရောက်လာပြီနဲ့တူတယ်"

"ဒီက အဘကဘယ်သူလဲဟင် ကျွန်တော်ကဒီကိုဘာလို့ရောက်နေတာလဲ ပြီးတော့... ဒီနေရာက ဘယ်နေရာလဲ"

"အဘတို့ကလူတွေမဟုတ်ဘူးကွဲ့ ဒီမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းကလူ့ဘဝကနေ ရောက်လာကြတဲ့ သူတော်ကောင်းဝိညာဉ်တွေပဲ အားလုံးက တရားကျင့်ကြံကြရမဲ့အချိန်ကုန်ရင် သူတို့နဲ့ထိုက်တန်တဲ့နေရာဆီကိုသွားကြရမဲ့သူတွေပဲ"

"ဗျာ ဒါ ဒါဆို ကျွန်တော်ကရော သေသွားပြီလားဟင်"

"မဟုတ်ဘူး ကောင်လေး... မင်းကသေနေ့မစေ့သေးဘူး။ မင်းဝိညာဉ်ကနေရာအနှံ့ကိုလွင့်နေပုံရတယ်"

"ဟို ဒါဆို ကျွန်တော်မသေဘူးဆိုရင်လေ... ကျွန်တော်အကိုလေးဆီပြန်ချင်တယ်၊ ကျွန်တော်ပြန်လို့မရဘူးဖြစ်နေတယ်၊ ကျွန်တော်အကိုလေးကိုရှာနေတာရက်တွေအရမ်းကြာနေပြီ ဘဘကျွန်တော့်ကိုကူညီပါလားဟင်..."

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now