Part-13

69.8K 5K 328
                                    

Unicode

"ဒေါက်တာ သူ့အခြေအနေလေး"

"လူနာက ပြင်းပြင်းထန်ထန်rapeခံထားရတယ်... ပြီးတော့ ...အတွင်းဒဏ်ရာတွေလည်းတော်တော်များတယ်... အားကလည်းအရမ်းနည်းနေတယ်... ဘာမှသိပ်မစားရဘူးထင်တယ်.. သူ့ခန္ဓာကိုယ်မှာ..ရေဓာတ်တောင် အလုံအလောက်မရှိဘူး... "

"ဗျာ အဲ့လောက်တောင်လား..."

"ဟုတ်ကဲ့ ..ကျွန်တော်အားဆေးသွင်းထားခဲ့ပါတယ်... လိုအပ်တဲ့ဆေးတွေလည်း အကုန်ထားပေးခဲ့တယ်...သူနိုးလာရင်အာဟာရရှိမဲ့အစားအစာလေးတွေသာကျွေးပေးပါ..."

"ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးပါပဲ.. မောင်တိုး ဒေါက်တာ့ကိုလိုက်ပို့ပေးလိုက်ပါ"

"ဟုတ်ကဲ့ သူဌေး"

ဆရာဝန်ထွက်သွားတော့မှ ဆက်အောင် ကုတင်ပေါ်၌လဲလျောင်းနေတဲ့ ကောင်လေးကိုကြည့်ကာ သက်ပြင်းတစ်ချက်ကိုချလိုက်ရင်း ဘေးလေးသို့ ကပ်ထိုင်လိုက်သည်။

နဖူးပေါ်ဝဲကျနေတဲ့ဆံပင်ကောက်ကောက်လေးတွေကိုလည်း အသာအယာသပ်တင်ပေးနေရင်း မျက်နုနုလေးကိုစိုက်ကြည့်နေမိသည်။ မျက်နှာလေးတစ်ဝိုက်အညိုအမဲတွေ ဒဏ်ရာဒဏ်ချက်တွေနဲ့တောင် ထိုကောင်လေးက သိပ်ကိုချစ်ဖို့ကောင်းနေတုန်းပဲလို့မြင်နေမိသည်။ ခံစားနေရတဲ့ဒုက္ခတွေနဲ့မှမလိုက်။ ဘာတွေကများ သူ့ဘဝကိုအဲ့လောက်တောင်ခက်ခဲစေခဲ့တာလဲ။

"မင်းမှာ ဘယ်လိုကိစ္စတွေများရှိနေလို့... အရွယ်လေးနဲ့မလိုက်အောင်.. ဒုက္ခတွေခံနေရတာလဲကွာ.."

ဆံပင်လေးတွေကိုသပ်တင်ပေးနေရင်း တခဏအတွင်းမှာပဲ ရုတ်တရက်ခန္ဓာကိုယ်လေး​က အနည်းငယ်လှုပ်ယွလာ၏။ ခပ်ဖွဖွလေးလှုပ်ခက်လာတဲ့မျက်ခွံလေးတွေ ပြီးတော့ လက်ချောင်းလေးတွေ။ ဒီကောင်လေးသတိရလာပြီထင်သည်။

သူ့ကြည့်နေတဲ့အချိန်အတွင်းမှာပဲ မျက်လုံးလေးကပွင့်လာပြီး သူ့ကိုမြင်သည်နှင့် အားမရှိတဲ့ခန္ဓာကိုယ်လေးကို အတင်းထထိုင်ကာ အနောက်ကို ချက်ချင်းဆုတ်သွားသည်။ ကြည့်ရတာတော့ တော်တော်လေးကိုကြောက်နေပုံပေါ်ပါသည်။

"ဟင့်! တောင်းပန်ပါတယ်.. မလုပ်ပါနဲ့.. ကျွန်တော်နာလို့ပါ.."

တိုးဖြဖြလေးဖြင့်ပြောလာသည့်စကားသံလေးကြောင့် ဆက်အောင် အနားကိုအသာတိုးသွားလိုက်ကာ ပုခုံးလေးတစ်ဖက်ကိုခပ်ဖွဖွလေးအုပ်ကိုင်ရင်း..

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now