Part-20

70.3K 4.7K 244
                                    

Unocode

Warning!!

At J club,

ဆူညံနေသည့်DJသံတွေကြား ကခုံနေကြသည့် လူတွေက များပြားစွာ။ Clubထဲသို့ဝင်လိုက်သည်နှင့် မိမိဘေးမှကောင်လေးဆီ အကြည့်ရောက်နေကြသည့် လူတစ်ချို့ကြောင့် လျှမ်းပဦး မျက်မှောင်ကြုတ်ရင်း ငါ့အပိုင်ဆိုသော အကြည့်စူးစူးတို့ဖြင့်စောင်ကြည့်ပေးလိုက်သည်။ ချက်ချင်းမျက်နှာလွှဲသွားကြသည်မို့ ဒီကောင်တွေ ကံကောင်းသွားကြတာဖြစ်သည်။

ရုတ်တရက်မှာပဲ ခေါ်လာမိတာ မှားသွားပြီးဆိုတဲ့အတွေးပါ တွေးမိလိုက်သည်။ ဒီကောင်လေးကို သူကလွဲရင် ဘယ်ကောင်ကြည့်တာမှမခံချင်။

"လျှမ်းပ ငါတို့ဒီမှာ ...ဟ ကြွေရုပ်လေးပါ ခေါ်လာတာလား... ကြွေရုပ်လေး လာ အကို့ဘေးလာထိုင်..."

"ဟုတ်"

ဟုတ်ခနဲဆိုတာ ဆက်အောင်ဘေးနားသွားထိုင်တော့မည့် ကောင်လေးကို လျှမ်းပဦး လက်ကလေးမှပြန်ဆောင့်ဆွဲရင်း သူ့ဘေး၌သာထိုင်ထားစေလိုက်သည်။

"မထိုင်နဲ့ ငါ့နားမှာပဲနေ"

"ဟုတ် အကိုလေး"

"ဟားဟား ...မင်းကလည်းကွာ တိုလိုက်တာ"

"ခွေးကောင် ပါးစပ်ပိတ်ထား"

ဘေးမှ တိမ်ရောင်နှင့်ဇော်ထက်မာန်တို့က လျှမ်းပဦးအား မသင်္ကာသည့်မျက်လုံး​တွေဖြင့် စိုက်ကြည့်နေကြသည်။

လျှမ်းပဦး ဘေးကကောင်တွေ သူ့ကိုကြည့်နေတာကို သတိထားမိတော့ ဟန်ကိုယ်ဖို့ကာ ရုပ်တည်နဲ့ပြောလိုက်သည်။

"ဟေ့ကောင်တွေ..အဲ့အကြည့်တွေနဲ့လာမကြည့်နဲ့... မင်းတို့ထင်သလိုမဟုတ်ဘူး... သူကအိမ်မှာနေတဲ့ကောင်လေး.. ငါပျင်းလို့ခေါ်လာတာ"

"​အေးပါကွာ မင်းပြောသလိုပေါ့"

သုံးယောက်လုံးက တစ်ယောက်ကိုတစ်ယောက်မျက်စပြစ်လျက် မချီအပြုံးကြီးများဖြင့် ပြောချင်တာပြော မယုံဘူးဆိုသည့် မျက်နှာဘေးတွေနှင့်ပင်။ လျှမ်းပဦးက ဂရုမစိုက်။ ဟန်ပါပါခြေချိတ်ထိုင်လျှက်ပင် လက်ကြားထဲမှစီးကရက်ကိုရှိုက်ဖွာနေ၏။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now