Part-39

62K 4.3K 578
                                    

Unicode 

~~ ငွေသော်တာရောင်ခြည် ထိန်လင်းတော့မည် ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ ~~

~~ သဒ္ဒါကပိုသည် ဆရာလေးကိုပဲ အသဲစွဲအောင်ချစ်မိပြီ ~~

"အာ အကိုဆက်အောင်ကလည်း ဘာလို့အဲ့တာပဲ တစ်နေ့လုံးဆိုနေတာလဲလို့..."

"ကိုယ့်ကျောင်းဆရာလေးကိုချစ်လို့ပါကွာ"

"အာ အကိုကလည်း ခဏခဏမပြောပါနဲ့"

"ဘာဖြစ်လို့လဲ သော်ရာ တကယ်ချစ်လို့ချစ်တယ်ပြောတာပဲ"

မျက်နှာနုနုလေးကိုစိုက်ကြည့်ကာပြောလိုက်တော့ သော်က ရှက်သလိုမျက်နှာလေးလွဲသွားတာကြောင့် သဘောကျစွာပြုံးမိလိုက်သည်။

"မသိတော့ဘူး သွားတော့မယ်"

"နေပါဦးကွာ"

ရှက်သွေးဖျာကာ အတင်းကုန်းထနေသည့်ဘေးကကောင်လေးကို ဆက်အောင် လက်ကလေးကနေဆွဲပြီးပြန်ထိုင်စေလိုက်တော့ရင်ခွင်ထဲပြစ်ကျလာ၏။ အလွတ်မပေးတော့ဘဲ ရင်ခွင်ထဲကကိုယ်လေးကိုတင်းကျပ်နေအောင်ဖက်ထားပစ်လိုက်ပြီး...

"ချစ်တယ် ကိုယ်အရမ်းချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး..."

"အာ အကိုကလည်း... လွှတ်ပါတော့ မှောင်တော့မယ်၊ အိမ်ပြန်ရအောင်နော် ချမ်းနေပြီ"

"ပြန်မယ် ခဏလေးပါကွာ ချမ်းရင်ကိုယ့်ရင်ခွင်ထဲဝင်နေ နော် ခဏလေးပဲ"

"ဟုတ်"

ပြောပြီးတာနဲ့ သော့်ကိုယ်လေးကို နွေးထွေးစေရန်အလို့ငှာ ဝတ်ထားသည့်ကုတ်အင်္ကျီထဲထည့်ဖက်ထားလိုက်ပြီး လက်ကလေးတစ်ဖက်ကိုဆွဲယူလျက် နှုတ်ခမ်းတွေဖြင့်ဖိကပ်ကာဖွဖွလေးနမ်းရှုံ့နေလိုက်သည်။

"အကို"

"ဗျာ"

"သော့်ကိုချစ်ပေးလို့ကျေးဇူးတင်ပါတယ်နော်... သော့်မှာမလှပခဲ့တဲ့အတိတ်တွေရှိခဲ့တာတောင်မှလေ"

"တော်ပြီ သော် ...အဲ့တာတွေမပြောနဲ့တော့၊ ကိုယ်အဲ့အတိတ်တွေကိုစိတ်မဝင်စားဘူး၊ ကိုယ်က သော်ဇင်လင်းဆိုတဲ့သော်ရဲ့ဖြစ်တည်မှုလေးကိုပဲချစ်တာ၊ အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့... ကိုယ်ကသော့်ကိုတန်ဖိုးထားတယ်၊ မြတ်နိုးတယ်၊ အဲ့အတွက်ကိုယ့်ကိုကျေးဇူးတင်စရာမလိုဘူး။ ကိုယ်ကတောင်သော့်ကိုကျေးဇူးပြန်တင်ရမှာ ကိုယ့်ကိုပြန်ချစ်ပေးလို့..."

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now