Part-33

68.5K 5K 595
                                    

အတ္တ

ကျွန်တော့်အတွက်တော့
အချစ်ဆိုတဲ့အရာကပေးဆပ်ခြင်းတဲ့
ဒါပေမဲ့
အဲ့ဒီပေးဆပ်ခြင်းဆိုတဲ့ခေါင်းစဥ်အောက်မှာ ခင်ဗျားကိုစွန့်လွှတ်ခြင်းတွေတော့ မပါခဲ့ဘူးပေါ့ဗျာ

***********

လျှမ်းပဦးတစ်ယောက် ရုံးခန်းထဲကSofaပေါ်၌ခြေချိတ်ထိုင်နေရင်း ဖုန်းထဲမှတစ်စုံတစ်ခုကိုကြည့်လျက် နှုတ်ခမ်းတို့ကပြုံးယောင်သမ်းနေ၏။
မီးခိုးရောင်အနောက်တိုင်းSuitအား ဖွံ့ထွားသည့်ခန္ဓာကိုယ်နှင့်လိုက်ဖက်စွာ သေသေသပ်သပ်ဝတ်ဆင်ထားရင်း ဆံပင်ရှည်တို့အားအပေါ်မှတစ်ရစ်စည်းထုံးထား၏။ ထင်းလွန်းနေသည့် မျက်ခုံးထူထူတွေနှင့် ဖြောင့်ဆင်းကာမြင့်မားနေသောနှာတံက သူ၏မျက်နှာအထက် အဝေးကကြည့်တာတောင်အထင်းသားပေါ်လွင်နေသည်။
ညို့အားပြင်းလွန်းသော နီညိုရောင်မျက်ဝန်းဆွေးဆွေးတွေက စိတ်ကျေနပ်မှုအရိပ်အယောင်တို့ပြည့်နက်နေသလို။ ပိရိသေသပ်သည့် နှုတ်ခမ်းလွှာတို့၌ အပြုံးတို့ဖြစ်တည်နေရသော အကြောင်းအရင်းသည်ကတော့ ဖုန်းထဲကပုံရိပ်ကလေးတွေကြောင့်ပင်။

' ဒေါက်! ဒေါက်! ဒေါက်! '

"လျှမ်း မီယာ ဝင်လာမယ်နော်"

အခန်းတံခါးခေါက်သံနှင့်အတူ အခန်းထဲဝင်လာခဲ့သည့်မေမီယာကြောင့် လက်ထဲကဖုန်းကိုခုံပေါ်တင်ရင်း မတ်တပ်ထရပ်လိုက်သည်။

"ထိုင်ပါ မီယာ"

"Sorry လျှမ်းရယ် နည်းနည်းနောက်ကျသွားတယ်"

"ရပါတယ် ကိစ္စမရှိပါဘူး... ခဏနေရင် မင်းအလုပ်လုပ်ရမဲ့ရုံးခန်းကို Jackကလိုက်ပြပေးလိမ့်မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော် လျှမ်း"

"မလိုပါဘူး မီယာ... ဒါနဲ့ ကွန်ဒိုမှာတစ်ယောက်တည်းနေရတာရောအဆင်ပြေရဲ့လား"

လျှမ်းပဦး၏အမေးစကားအဆုံး မေမီယာက မျက်လွှာကိုချလိုက်ရင်း...

"ပြေတာတော့မပြေဘူးပေါ့ လျှမ်းရယ်... ဒါပေမဲ့ မီယာနေနိုင်ပါတယ်... မီယာကိုတခြားကိုနှင်မထုတ်တာနဲ့တင်ကျေနပ်ပါပြီ"

"ဒါဆို ဒီနေ့တော့အိမ်ပြန်လိုက်တော့... မကြာခင်လည်းရုံးဆင်းတော့မှာဆိုတော့...မနက်ဖြန်မှရုံးတက်ပါ..."

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now