Part-19

56K 4.7K 389
                                    

Unicode



Ring....Ring....

"ကိုကို ပြော"

"လျှမ်းလေး ဘာတွေလုပ်နေလဲ"

"ထုံးစံတိုင်းပေါ့ဗျာ...ဟိုသွားဒီသွားပေါ့"

"ကိုကို့ဆီတောင်ဖုန်းမဆက်ဘူး.. ​ဖုန်းမဆက်ရလောက်အောင်ထိဘာတွေအလုပ်ရှုပ်နေလဲ"

"ကိုကိုကလည်းဗျာ.. ကိုကိုအခုပြောနေပြီပဲမလား.."

"ဟုတ်ပါပြီကွာ ..ဒါနဲ့ပိစိတစ်ယောက်ကော ဘာတွေလုပ်နေလဲ.. နေကောင်းရဲ့လား.."

ဖုန်းထဲကနေ နောက်ထပ်ကြားလိုက်ရသည့် ပိစိဆိုသောအသံကြောင့် လျှမ်းပဦး မျက်နှာက စိတ်အလိုမကျသလို မျက်ခုံးထူထူတွေပါတွန့်ချိုးသွားခဲ့သည်။

"ကောင်းတယ်"

"လျှမ်းလေး.. ပိစိကိုအရမ်း​အနိုင်မကျင့်နဲ့ဦးနော်.. ကိုကိုတို့မရှိတော့ ပိုအားငယ်နေမှာဆိုးလို့ ကြားလား"

"ကိုကို ကျွန်တော့်ဆီဖုန်းဆက်တာ သူ့အကြောင်းပြောမလို့လား.. အဲ့တာဆို ဖုန်းချပြီ"

"နေပါဦး ကိုကိုပြောမလို့ လျှမ်းလေး လိုချင်တာဘာရှိလဲ ကိုကိုဝယ်ခဲ့မယ်.. ကိုကိုတို့ မနက်ဖြန်လောက် ဒါမှမဟုတ် ဖိန်းနွဲ့ခါလောက်ရောက်မယ်.."

"တော်ပါပြီ ဘာမှမမှာတော့ဘူး"

"အင်းပါ ဟုတ်ပြီ  ဘာမှမယူဘူးဆိုလည်း နေကောင်းအောင်နော်.. အပြင်တွေအရမ်းမထွက်နဲ့ ..ရန်တွေလဲမဖြစ်နဲ့..ပိစိကိုလည်း ဂရုစိုက်လိုက်ဦး... ကြားလား"

"ကိုကိုစကားပြောရင် ... ပိစိ ပိစိနဲ့ မပါရင်မပြီးဘူးလား... ကိုယ့်ညီအကြောင်းကိုမပြောပဲနဲ့ တပိစိထဲပိစိနေတာ... တော်ပြီဗျာ ဒါပဲ.."

ပြောပြီးသည်နှင့်ဖုန်းကိုတန်းချပစ်လိုက်သည်။ ထို့နောက် သူဖုန်းပြောနေသည့်အချိန်အတွင်း ဆက်တိုက်ခေါ်ဆိုနေခဲ့သည့် ဆက်အောင်၏ဖုန်းဆီသို့ပြန်လည်ခေါ်ဆိုလိုက်သည်။

"ဟေ့ကောင် ဆက်အောင်.. မင်းကလခွမ်းဖြစ်လို့ဖုန်းတွေဆက်တိုက်ခေါ်နေတာလား.."

"ဖြည်းဖြည်းပြောပါကွာ.. ဘယ်လိုဖြစ်လို့ဒေါသတွေထွက်နေတာလဲ...ပြောစရာရှိလို့ပါကွ.."

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now