Part-48

65.4K 3.9K 205
                                    



3months later,

အူဝဲ! အူဝဲ !

"မငိုပါနဲ့ ...သားသားရာ၊ သားသားညီလေးတောင်မငိုဘူးတွေ့လား... ပါးပါးက ခါးခါးလှလှလေးလိမ်းပေးနေတာလေ မငိုရဘူးနော်..."

"ပါးပါး ကစ်ကစ်ကရော"

"မောင်လေးတွေကိုပြီးရင် ...ကစ်ကစ်လေးကိုလိမ်းပေးမယ်နော်။ သေချာချီထားမောင်လေးကို...မောင်လေးပြုတ်ကျသွားဦးမယ်..."

အခန်းထဲ ကလေးသုံးယောက်နှင့်လက်မလည်ဖြစ်နေသည်မှာ မိုးစင်စင်လင်းကတည်းကပင်ဖြစ်သည်။
သားငယ်လေးကို ကစ်ကစ်လေး၏ပေါင်ပေါ်တင်ပေးထားပြီး သားကြီးလေးကိုတော့သနပ်ခါးလိမ်းပေးနေတာဖြစ်သည်။ သားကြီးက မွေးကင်းစလေးကတည်းက သိပ်ကိုအငိုသန်သည်။ ဒေါသကလည်းကြီးပြီး တစ်ခါငိုရင်မတိတ်တော့ပေ။ မျက်နှာတွေနီရဲလာသည်အထိကိုငိုတာဖြစ်သည်။ ဒေါသကြီးတာလေးကတော့သူ့ဒယ်ဒီနှင့် တူတာပဲဖြစ်လိမ့်မည်။

သားငယ်လေးကတော့ အတော်ကိုအနေအေးပါသည်။ လက်မလေးတစ်ဖက်ကိုသာအမြဲစုပ်နေတတ်ပြီးတော်ရုံသိပ်မငိုပေ။ တစ်ခါတစ်လေ နို့အရမ်းဆာတဲ့အချိန်တွေမှအော်ငိုတတ်တာဖြစ်သည်။
သူငိုတဲ့အချိန်ဆိုတာရှားသည်။ အားလုံးကပြောကြတော့သားငယ်လေးဟာ ကိုကိုကြီးဝင်စားသည်တဲ့။
မယုံဘူးဆိုရင်တောင် သားငယ်လေးရဲ့နားရွက်ကလေးမှာ ကိုကိုကြီးလိုမျိုးမွေးရာပါအမှတ်ကလေးပါနေသည့်ကိုညာလို့မရခဲ့ပေ။ ကိုကိုကတော့ လုံးဝမယုံတာမဟုတ်ပေမဲ့ တိုက်ဆိုင်တာလည်းဖြစ်နိုင်တယ်လို့တော့ပြောသည်။

သူကိုယ်တိုင်ကတော့ ဘယ်လိုပဲပြောပြောအပြည့်အဝကိုယုံကြည်မိတာဖြစ်သည်။ သားငယ်လေးမှာ ကိုကိုကြီးလိုအေးချမ်းတဲ့အပြုံးလေးတွေရယ် အကြည့်လေးရယ် ရှိနေတယ်လို့ခံစားမိသည်။ သို့သော် ဒါဟာတကယ်မဟုတ်ခဲ့ဘူးဆိုရင်တောင် အများကြီးမတွေးချင်ပေ။ ကိုကိုကြီးပဲဖြစ်ဖြစ် တခြားဘယ်သူပဲဖြစ်နေပါစေ သားလေးသည် သူတို့ဘဝထဲဝင်လာခဲ့သည့် မိသားစုဝင်အသစ်ကလေးတစ်ယောက်ပဲဖြစ်နေပြီဖြစ်သည်။ သားလေးနှစ်ယောက်လုံးကိုတန်းတူညီတူ ရင့်နစ်စွာချစ်ရပါသည်။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now