Part-47

69.8K 3.8K 325
                                    



လျှမ်းပဦး ကုမ္ပဏီကပြန်လာတော့ သူ့အားထွက်ကြိုနေကျ ဗိုက်ကလေးကိုမတွေ့တာကြောင့်စိတ်အလိုမကျစွာမျက်မှောင်ကိုကြုတ်မိလိုက်သည်။ အိမ်ပြန်ရောက်ရောက်ခြင်း အဲ့ဒီဗိုက်ကလေးကိုမှအရင်မတွေ့ရရင် စိတ်တို့ကအလိုမကျတော့ဖြစ်သည်။ အမြဲတစေပြောနေလည်း အဲ့ဒီဟာလေးကဂရုမစိုက်။ လင်စကားကိုနားထောင်လားနားမထောင်လားသိသာသည်။

အခုနောက်ပိုင်းတွေက ကုမ္ပဏီကိုတစ်ပတ်တစ်ကိုတစ်ခါ သို့မဟုတ် နှစ်ခါလောက်တော့ ပြန်သွားနေရသည်။ သူ မသွားလည်းပြဿနာမရှိပေမဲ့ အထက်လူကြီးတစ်ယောက်အနေနဲ့ တာဝန်တွေလိုအပ်သည်ထပ်လစ်ဟင်းလာသည်ကိုမိမိကိုယ်တိုင်လည်း သဘောမကျတော့၍ဖြစ်သည်။ ထို့ကြောင့် တစ်ပတ်တစ်ခါလောက်တော့ ပုံမှန်သွားဖြစ်နေသည်။

ခက်တာက အိမ်ကဟာလေးကိုလည်းစိတ်မချနိုင်။ ဟိုပြောရင်ဒီလုပ် ကိုယ့်စကားဆိုဂရုမစိုက်တဲ့ဟာလေးကြောင့် တစ်နာရီတစ်ခြားတစ်ခါဖုန်းခေါ်နေရသည်။ ကုမ္ပဏီကိုသွားတာတော့ ဒီတစ်ပတ်ကနောက်ဆုံးဖြစ်လိမ့်မည်။ မွေးဖို့သိပ်မလိုတော့သည့် အဲ့ဒီဗိုက်ပူလေး​ကိုသာ အချိန်စက္ကန့်မလပ်ပိုပြီးဂရုစိုက်ပေးရတော့မှာကြောင့်ဖြစ်သည်။

"ဟင် သား ဒီနေ့စောတာပဲ"

"ဟုတ်မာမီ... ဒီနေ့စောစောပြန်ခဲ့တာ။ ဒါနဲ့ မာမီ မာမီ့သားမက်အပေါ်မှာလား"

"အေး ဟုတ်တယ်သား... မာမီစောစောကပဲလိုက်ပို့လိုက်တာ။ အိပ်ချင်နေတယ်ဆိုလို့..."

"ဟုတ်လား နေမကောင်းလို့လား မာမီ"

"ကိုယ်တော့မပူပါဘူးသားရယ်။ မွေးခါနီးနေပြီဆိုတော့ ကိုယ်လက်မကြည်မသာဖြစ်နေတာနေမှာပါ"

"ဟုတ် မာမီ သားအပေါ်တက်လိုက်ဦးမယ်"

အပေါ်တက်သွားလိုက်ပြီး အခန်းထဲကိုဝင်လိုက်တော့ ဟိုဗိုက်ပူလေးကိုမတွေ့ပေ။ ရေချိုးထဲဖွင့်ရှာတော့လည်းမရှိတာကြောင့် ဝရံတာကိုထွက်ကြည့်မိစဥ်မှာပဲ တွေ့လိုက်ရသည့်မြင်ကွင်းက သူ၏ ရှိသမျှမျက်လုံးအစုံတို့ကိုပြူးကျယ်သွားစေပြီး ဒေါသကပါထောင်းခနဲဖြစ်သွားကာ ချက်ချင်းငယ်ထိပ်ထိတက်ဆောင့်သွားခဲ့သည်။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now