"ကလေးလေး ထမင်းစားရမယ်လို့ ကိုကိုပြောနေတယ်လေ"
"မစားချင်ပါဘူးဆို"
"အဲ့လိုမလုပ်ရဘူးလေကွာ... ကိုကို့စကားနားထောင်၊ ကလေးလေးစားချင်တဲ့ရှောက်သီးသုပ်က မတည့်ဘူးလေကွာ"
"နည်းနည်းလေးပဲစားမယ်လေ ဝယ်ပေးပါနော် ကိုကို"
"အဲ့တာဆို ကိုကို ကိုယ်တိုင်သုပ်ကျွေးမယ်"
"ကိုကိုသုပ်ကျွေးတာမစားချင်ဘူး လမ်းထိပ်ဆိုင်ကပဲစားချင်တာ"
"မရပါဘူး...အဲ့တာဆို ထမင်းပဲစားရမယ်၊ ကိုကိုခွံကျွေးမယ်၊ လာ အောက်ဆင်းရအောင် မနက်ကလည်းဘာမှဟုတ်တိပတ်တိစားတာမတွေ့ဘူး..."
"ဟင့်!"
"မဟင့်နဲ့ ထမင်းပဲစားရမယ်"
"ကိုကိုနော်""ကိုကိုမနော်နဲ့ ...လာ သွားမယ်၊ အချိန်ကိုကြည့်ဦး ၁နာရီတောင်ထိုးနေပြီ ဗိုက်အောင့်နေတော့မှာပဲ"
"မအောင့်ပါဘူး၊ ကိုကို သဲသဲကလေ ရှောက်သီးသုပ်လေးမှမစားရရင် ဒီနေ့အိပ်လို့တောင်ရမှာမဟုတ်တော့ဘူးသိလား"
မျက်နှာလေးကိုမဲ့လျက်ငိုချတော့မည့်ဟန်လေးဖြင့်ပြောလာတာကြောင့် ချက်ချင်းကိုစိတ်ကအလျော့ပေးချင်လာသည်။ အလျော့ပေးလို့ကလည်းမဖြစ်ပေ။
မနက်ကတည်းက ထမင်းမစားချင်ဘူးဆိုကာ တစ်အိမ်လုံးကိုပတ်ပြေးနေတာဖြစ်သည်။ တခြားသင့်တော်တာတစ်ခုခုကျွေးပြန်တော့လည်းမဟုတ်ပြန်။ မဟုတ်သည့် ရှောက်သီးအစပ်သုပ်ကိုသာပူဆာနေသည်မို့ အခက်တွေ့နေတာဖြစ်သည်။ ကိုယ်ကလည်း သူလေးတစ်ခွန်းဆိုတစ်ခွန်းအလိုလိုက်မိနေတော့လည်းအဆင်မပြေ။ ဒါကိုသိသည့်ဟာလေးကလည်း သိပ်ကိုဆိုးလာသည်။
အခုလည်း ထမင်းချော့ကျွေးဖို့ရာအတွက်ကို ပတ်ပြေးနေပြီး သူ့ကိုယ်သေးသေးလေးနဲ့ အဝတ်ဘီဒိုထဲဝင်ပုန်းနေသည်တဲ့။ ကိုယ့်မှာ မနည်းဆွဲထုတ်ထားပြီးချော့မော့ထားရသည်။
တကယ်ပါ ဒီကောင်လေးတစ်နေ့ထက်တစ်နေ့ ဂျစ်ကန်ပြီးတော့ကိုဆိုးလာတာဖြစ်သည်။ ကိုယ်နဲ့နေတာကြာလို့များ ကိုယ့်အကျင့်တွေကူးသွားလေသလားမပြောတတ်။ သို့သော် အဲ့ဒီအကျင့်လေးနဲ့ပဲ တစ်နေ့တစ်ခြားပိုပိုပြီးချစ်ဖို့ကောင်းနေတာတော့အမှန်။ သူကိုယ်တိုင်ကလည်း သူလေးဘယ်လောက်ဆိုးဆိုးကို အလိုလိုက်နေခဲ့ပြီး ပိုပိုချစ်လာတာကတော့ မတက်နိုင်။
YOU ARE READING
လေနှင်ရာအရပ်ဆီသို့ [ Completed ]