Part-29

64.3K 5.2K 808
                                    

Unicode

လေနှင်ရာ...

လေပြေတွေဟာ
သိပ်သဘောကျစရာကောင်းသလို
ပန်းကလေးတွေဟာလည်း
သိပ်ကိုသဘောကျစရာကောင်းတယ်

လေပြေတွေနှင်ရာအရပ်ကို
ပန်းကလေးတွေကရွေ့ပေးရသလို
ခင်ဗျားသာ ဆန္ဒရှိရင် ခင်ဗျားနှင်ရာကို
ကျွန်တော်ကရွေ့ပေးမှာ🖤

*************

ကားလေးတစ်စီးခြံထဲသို့မောင်းဝင်လာ၏။ အိမ်အဝသို့ရောက်သော် မိမိအားလာကြိုနေကျသားအဖကိုမတွေ့တာကြောင့် လျှမ်းပဦး စိတ်အလိုမကျစွာမျက်ခုံးတို့တွန့်ချိုးလိုက်သည်။ ကုမ္ပဏီတွင်လည်းဘာကြောင့်ရယ်မသိ တစ်နေ့လုံးအဆင်မပြေဖြစ်နေ​ပြီး စိတ်ထဲတစ်ခုခုထင့်နေသလိုခံစားချက်တစ်ချို့ကြောင့် နေ့တစ်ဝက်နှင့်တင် အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။

"ကျစ်! ဒီနေ့တစ်နေ့လုံး ဘာတွေဖြစ်နေလဲမသိဘူး"

မကျေနပ်သည့်စိတ်တွေကို ခတ္တလျော့ထားလိုက်ရင်း ကိုယ့်ဘာသာပင် အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။ အပေါ်သို့တစ်ခါတည်းတန်းတက်သွားလိုက်ပြီးအချစ်ဦးလေး၏ အခန်းထဲသို့အရင်ဝင်ကြည့်တော့လည်း သူတို့သားအဖိကမရှိပေ။ ရှိသမျှအခန်းတွေအကုန်ပတ်ရှာရင်း အိမ်သာ ရေချိုးခန်းနှံ့အောင်ရှာပြီးသော်လည်းမတွေ့ပြန်။

"ကြီးခင်ရေ ကြီးခင်"

"အေး သား ဘာဖြစ်လို့လဲ"

"ဟိုသားအဖဘယ်ရောက်သွားတာလဲ"

"ဟင် အပေါ်မှာမရှိဘူးလား သား"

"မရှိဘူး အပေါ်မှာလည်းရှာတာနှံ့နေပြီ"

"ဒါဆိုဘယ်ရောက်သွားတာလဲသားရယ်.. သိပ်မကြာသေးခင်ကမှကြီးခင်အပေါ်တက်ကြည့်တော့ရှိပါသေးတယ်"

"ကျစ်! ကွာ ဘယ်ရောက်သွားတာလဲ"

မကျေမနပ်ရေရွတ်နေရင်းပင် အပြင်သို့ပြန်ထွက်လာခဲ့လိုက်ပြီး ကားအားခြံထဲမှတရပ်ကြမ်းမောင်းထွက်လာခဲ့လိုက်သည်။

အဲ့ဒီကောင်လေးဘယ်ကိုသွားနေတာလဲ။ မဟုတ်မှ သူ့ဆီကနေထွက်ပြေးသွားခဲ့တာလား။ အဲ့ဒီလိုထွက်ပြေးသွားတယ်ဆိုရင်တောင် သူကအဲ့လိုအဖြစ်ခံမှာတဲ့လား။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now