Part-15

59.4K 5K 277
                                    

Unicode

နောက်တစ်နေ့ မနက်,

At 6:00AM,

"အကိုလေး ဒီနေ့အစောကြီးနိုးနေတာလား.. အန်တီဝါတို့တောင်မထသေးဘူး"

လှေကားအဆင်း၌ သန့်ရှင်းရေးလုပ်နေပုံပေါ်သည့်ကောင်လေးက သူအောက်ကိုဆင်းလာတာမြင်တော့ အံ့သြနေသလိုမျက်နှာလေးဖြင့်ပြောလာတာကြောင့်  မျက်မှောင်ကိုကြုတ်လိုက်သည်။

"အဲ့တာဘာဖြစ်လဲ.. ငါ့မျက်လုံးနဲ့ငါ ဘယ်ချိန်ထထပေါ့ကွာ.. ထလို့မရဘူးလား... မင်းလေးအရမ်းလျှာရှည်တာပဲ.. စောစောစီးစီးလျှာပြတ်ချင်နေပြီနဲ့တူတယ်"

ရုပ်တည်ဖြင့်မျက်ခုံးတစ်ဖက်တွန့်ပြကာ ဟန်ပါပါပြောလိုက်တော့ လက်ကလေးဖြင့် သူ့နှုတ်ခမ်းလေးကို ဖတ်ခနဲဖိပိတ်ကာ ခေါင်းလေးခါပြသည်။ သဘောကျစွာ တစ်ချက်ပြုံးလိုက်ပြီးမှ...

"လာ ငါ့ကို မနက်စာပြင်ပေး"

"ဟုတ် အကိုလေး"

မနက်စာbreakfastဝိုင်း၌ တစ်ယောက်တည်းရှိနေသည့် လျှမ်းပဦး၏ မျက်နှာကကြည်လင်နေသည်။ လက်တစ်ဖက်က မုန့်တစ်ချို့ကိုကိုင်စားရင်း Phကိုလည်းအကြည့်မပျက်ပေ။

"အဟမ်း! ကြားသားမိုးကြိုး... အစောကြီးထနေပါလား.. ဘာတွေလုပ်မလို့ကြံစည်နေတာလဲ"

ထမင်းစားခန်းထဲသို့ဝင်လာရင်းပြောလာသည့် အဖေဖြစ်သူ၏အသံကြောင့် လျှမ်းပဦးက စိတ်ပျက်သလို သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး...

"ဒယ်ဒီကလည်းဗျာ..တစ်ခါလောက်ပဲဖြစ်ဖြစ် ရန်မဖြစ်ပဲနေရအောင်ဗျာ.."

"ငါကရောဖြစ်ချင်နေလို့လား... မင်းအချိုးပြေအောင်နေရင်ငါကဘာပြောမှာလဲ.."

"ဟုတ်သားပဲဗျာ.. ဒယ်ဒီကလည်း ..လျှမ်းလေးက ခုတလောလိမ်မာနေပါပြီ"

"အဲ့တာပြောတာပေါ့သားရယ်... မာမီတို့လျှမ်းပေါက်လေးက ဒီတလောလိမ်မာလာတာကို... ကိုဘုန်း ရှင်စဥ်းစားကြည့်လေ... ခုတစ်လောရန်ဖြစ်တဲ့အသံကြားလို့လား.... မိန်းကလေးကိစ္စအရှုပ်အရှင်းတွေလည်း မရှိတော့ဘူး...အပြင်တောင်သိပ်မထွက်ပဲ အိမ်ပဲကပ်နေတာကို...ရှင်လည်းသိသားနဲ့"

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now