Part-11

78.1K 5.4K 190
                                    

Unicode

ဒေါက်! ဒေါက်!

"ကိုကိုကြီး ကျွန်တော် အင်္ကျီတွေလာထားတာပါ"

"ဝင်ခဲ့ ပိစိ"

"ဟုတ်"

ရေချိုးပြီးကာစဖြစ်သည့် မင်းမြတ်ဦးက အပေါ်ပိုင်းအဝတ်ဗလာနှင့်ခါး၌တပတ်တစ်ထည်ကိုသာပတ်ထား၏။ ရေစိုနေသည့်ဆံပင်တွေကိုသုတ်နေရင်း အခန်းထဲဝင်လာသည့်ကောင်လေးကို လှမ်းပြောလိုက်သည်။

"ရတယ်နော် ကုတင်ပေါ်တင်ခဲ့ ကိုကိုကြီးပဲသိမ်းလိုက်မယ်.."

"ရပါတယ် ကိုကိုကြီး ကျွန်တော်ပဲ သိမ်းလိုက်ပါမယ်"

ချစ်စရာကောင်းအောင်ပြုံးပြရင်း ပြောလာသည့်ကောင်လေးကြောင့် မင်းမြတ်ဦး ခေါင်းကိုအသာညိမ့်ပြလိုက်ပြီး တစ်ဖက်ကိုလှည့်ကာ ဆံပင်တွေကိုဆက်သုတ်နေလိုက်သည်။

"ဟို ကိုကိုကြီး.. ကျွန်တော်ခေါင်းသုတ်ပေးရမလားဟင်"

"ဟင်.. ရ ရပါတယ် ပိစိရဲ့.. ကိုကိုကြီးဘာသာသုတ်ပါမယ်"

"ဟုတ် ..အကိုလေးကိုဆိုရင် အမြဲတမ်းသုတ်ပေးနေကျမို့ပါ"

နောက်ဆက်တွဲကြားလိုက်ရသည့်စကားကြောင့် မင်းမြတ်ဦး မျက်ခုံးတန်းတို့အနည်းငယ်တွန့်ချိုးသွားသည်။

"လျှမ်းလေးက အဲ့တာတွေပါလုပ်ခိုင်းတာလား"

"ဟုတ် ကိုကိုကြီး.. ကျွန်တော်ကလည်းလုပ်ပေးချင်ပါတယ် "

"သြော်အင်း ရတယ်.. ကိုယ့်ဘာသာသုတ်လိုက်မယ်.. ပိစိသွားတော့လေ ..ရပြီ"

"ဟုတ် ကိုကိုကြီး.. ဟို ကော်ဖီခွက် သိမ်းလို့ရပြီမလား "

"အင်း ရပြီ ..ယူသွားလိုက်တော့..ကိုကိုကြီးညကစာရင်းတွေလုပ်တာ နောက်ကျသွားလို့.. မသိမ်းဖြစ်လိုက်ဘူး ..အားနာပေမဲ့ ပိစိပဲအပင်ပန်းခံလိုက်ပါဦးနော်.."

"အာ ရပါတယ်"

ပြောနေရင်းပင် ခုံပေါ်ကကော်ဖီခွက်လေးအား အပြေးယူပြီး တစ်ဖက်ကိုပြန်အလှည့် ...

"အာ့!"

ရုတ်တရက်ချေချော်ပြီး မိမိရပ်နေသည့်ဘက်သို့ ဦးတည်ရင်းပြစ်ကျလာတာကြောင့် မင်းမြတ်ဦး အလျင်အမြန်ပင် ပြေးဖမ်းထားလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့လည်ပင်းကိုသိုင်းဖက်လာသည့် လက်ကလေးတွေကလည်းတုန်ယင်နေ၏။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now