Part-44

52.8K 4.4K 226
                                    

Unicode

At8:00AM

Tee! Tee! Tee!

ဆူညံနေသော နှိုးစက်သံကြောင့် လျှမ်းပဦးတစ်ယောက်လန့်နိုးလာခဲ့သည်။ နာရီကိုကြည့်မိတော့ မနက်၈နာရီတိတိ။ စိတ်မကြည်သော်လည်း ညကနိုးစက်သံပေးထားခဲ့သည်ကို သတိပြုမိကာ ထလိုက်တော့သည်။ သို့သော် မျက်လုံးတွေကစပ်ဖျင်းနေပြီးဖွင့်ဖို့တောင်မနည်းအားယူနေရသည်။ ညကညည့်နက်ခဲ့သည့်ဒဏ်ကြောင့်ဖြစ်လိမ့်မည်။

သို့သော်လည်း ကုမ္ပဏီကိုသွားဖို့အရေးကြီးနေတာကြောင့် မပွင့်သေးတဲ့မျက်လုံးတို့ကို မရမကဖွင့်ထားလိုက်ပြီး ဘေးခုံပေါ်မှအဆင်သင့်တင်ထားသည့် နွားနို့ခွက်ကိုယူသောက်လိုက်သည်။

မိမိဘေးမှာဟိုဗိုက်ကလေးကတော့မရှိတော့ပေ။ ညကမွှေထားပြီး အခုတော့လူကဘယ်ရောက်နေသည်မသိပါ။ သူစားချင်တာကိုမကျွေးဘူးဆိုသည့်အကြောင်းပြချက်နှင့်လူကိုတစ်ညလုံးထိုင်ရစ်နေခဲ့တာဖြစ်သည်။ သူစားချင်သည့်အရာတွေကလည်း မဟုတ်တာ မတည့်တာတွေချည်းကိုမှရွေးစားချင်သည်။

မနက်၂နာရီထိရှိသမျှပုံပြင်စာအုပ်ထိုင်ဖတ်ပြနေတောင် ဘယ်လိုမှအိပ်ခိုင်းလို့မရတာဖြစ်သည်။ အတင်းမရမက ချော့မော့ပြီးအိပ်ခိုင်းတော့လည်းအကျောတင်းလေးကမရပြန်။ ဘယ်လိုချော့ပြောပြောကိုမရသည်မို့ ပြောမရတော့သည့်အဆုံး နည်းနည်းဟောက်လိုက်တော့မှ ငိုပြီးအိပ်သွားတာဖြစ်သည်။ အဲ့လိုမှမလုပ်ရင်လည်း ကျန်းမာရေးကထိခိုက်နိုင်တယ်မဟုတ်လား။

ထို့နောက် အတွေးတွေနဲ့အတူတစ်ချက်ပြုံးလိုက်ရင်း ပျင်းကြောတစ်ချက်ဆန့်ကာ ကုတင်ပေါ်မှဆင်းလျက် ရေချိုးခန်းထဲဝင်သွားလိုက်တော့သည်။

"ဒေါက်! ဒေါက်!"

"ယောကျာ်းရေ နိုးနေပြီလား ရေတောင်ချိုးနေပြီပေါ့ သဲသဲဝင်လာမယ်နော်"

ဟော လာပါပြီ။ အသံဆာဆာလေးနဲ့ရောက်လာပါပြီ။ သူ့အပြစ်တော့သူသိသေး၏။ တမင်အသံမပေးပဲငြိမ်နေလိုက်တော့မှ အခန်းတံခါးဖွင့်ဝင်လာသည်။ မသိချင်ယောင်ဆောင်ကာ သွားကိုဆက်တိုက်နေလိုက်တော့ လက်မောင်းတစ်ဖက်ကိုဆွဲပြီး ခွေးပေါက်လေးတွေလိုသူ့ပါးလေးနဲ့အသည်းယားစရာကောင်းအောင်ပွတ်နေ၏။

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now