စာစဉ် ၄ (၁၇-၂၀)
5K 684 19
စာစဉ် ၄၊ အခန်း ၁၇။ ဆွဲ‌ဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံက လူတွေကို ညို့ယူနိုင်တယ် (7)
ဒီအသံမျိုး ဘယ်တုန်းက ကြားခဲ့ဖူးလဲဆိုတာကို
ပြန်စဉ်းစားခဲ့ပေမည့် မမှတ်မိ .. ထို့ကြောင့်
လမ်းမှာကြားရတဲ့ လေသံနဲ့ရောပြီး
နားကြားမှားတာဖြစ်မှာပါဟုပဲ တွေးလိုက်တော့သည် ...
ထိုနေ့က ဂူယူရှန်းသည် ရိုင်းစိုင်းပြီး အသိစိတ်မဲ့သည့် ဂူယူရှန်းဖြစ်ခဲ့လိမ့်မည် ....
သူမဆီက သူ့နာမည်ခေါ်သံကို ကြားရဖို့ သူပြုမူခဲ့ပေမည့် သူမရဲ့ခေါင်းမာမှုတွေက သူ့ကို ပိုစိတ်ရှုပ်စေခဲ့သည် ..
သူ့ကိုယ်သူတောင် နားမလည်နိုင်တဲ့ဖြစ်ရပ်တွေ
တကယ်များခဲ့၏ ... ဥပမာ သူ့ကို အိမ်ပြန်လာဖို့ ဘယ်သူမှမတိုက်တွန်းပဲ ကိုယ်တိုင် အိမ်ပြန်လာမိတာမျိုး...
သူကိုယ်တိုင် သူမကို မိုးရေထဲသွားခေါ်ခဲ့ပြီး သူမအတွက် ဆန်ပြုတ်ဝယ်ပေးဖို့ ရှောင်ဝမ်ကို စေခိုင်းခဲ့မိတာမျိုး ..
ဂူယူရှန်း အတွေးထဲ အကြာကြီး မျောနေမိပြီးနောက်မှာတော့
သူ စားပွဲကိုကန်ခဲ့လို့ ကြမ်းပြင်ပေါ်ဖိတ်သွားခဲ့သည့်
ဆန်ပြုတ်ကို ပြန်လှည့်ကြည့်လိုက်သည် ...
အေးစက်နေပြီဖြစ်တဲ့ ဆန်ပြုတ်တွေကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေခဲ့မိသည် .. အတွေးတွေက ခေါင်းကိုက်စေခဲ့တာကြောင့် ခေါင်းကို ခါလိုက်ပြီး ဆေးလိပ်ထုတ်လိုက်တော့၏ ..
သူသည် လက်မထပ်ချင်သလို ဘယ်မိန်းကလေးကိုမှလည်း မချစ်ချင်ပါ ... မချစ်မိဖို့ ထိန်းနေရတာလည်း ရူးမတတ်ပင် .. ဟိုးအရင်ကလို ပုံမှန်ဖြစ်လာတော့မည်ထင်သည် ...
ဒီအတွေးမှာတော့ သူ့ကိုယ်သူ ကျေနပ်မိ၏ ...
အိပ်ရာပေါ်က ထလိုက်ပြီး စားပွဲဆီ လျှောက်ကာ ဖုန်းဆက်ပြီး အခန်းကိုလာရှင်းဖို့ ၀န်ထမ်းကိုပြောလိုက်တော့သည် .. ဖုန်းဆက်အပြီးမှာတော့ အင်္ကျီဝတ်ပြီး တခြားအခန်းတစ်ခုကို လမ်းလျှောက်သွားလိုက်၏ ...
ဂူယူရှန်း ရောက်လာတာကို မြင်သည့် လုဘန်ချန်း က သူ့ကိုစကားမပြော ..
ဂူယူရှန်းနဲ့ ခပ်‌ဝေး‌ဝေးမှာသာ ထိုင်ပြီး
လှမ်းကြည့်နေသည် ... ဂူယူရှန်း စိတ်ငြိမ်သွားတဲ့ပုံစံ
ဖြစ်တော့မှ လုဘန်ချန်းက ဖုန်းကိုကိုင်ကာ ဂူယူရှန်းဆီ ထလာလိုက်သည် ...