စာစဉ် ၅ (၁၁-၁၆)
5.2K 620 10
စာစဉ် ၅၊ အခန်း ၁၁ ။ လျှို့ဝှက်ဆန်းကြယ်တဲ့စာတစ်စောင်(1)
သူမက တကယ်ပဲ ဘာလဲ..  ။
ဂူယူရှန်းဆိုတာ ငယ်ငယ်တည်းက ဘယ်သူ့ကိုမှ သောက်ဂရုစိုက်ခဲ့တဲ့ကောင် မဟုတ် ။
ဒါပေမဲ့ ခုတော့ မိန်းကလေးတွေကြားက ပြဿနာကိုတောင် ၀င်ပါမိတယ် ။
သူရူးနေပြီလား ။
နေပါဦး ...တောင်းပန်လိုက်ရုံမဲ့ ကျေနပ်ရမတဲ့လား ။ သောက်‌‌ရေးမပါလိုက်တာများ ....သူမကို ဆက်ဆံခဲ့တဲ့
ပုံစံတွေနဲ့ ယှဉ်ရင် တောင်းပန်တာက တောင်းပန်တယ်လို့ ခေါ်ထိုက်မလား ။ သူ့ကိုများ လှောင်နေကြမလား ။ ဘာတွေတွေးနေကြမလဲ ။ သူ လုပ်ခဲ့တာက
ရိုက်လိုက်တာတော့ မဟုတ်ဘူးမလား ။
ဂူယူရှန်း ပိုပိုတွေးလေ စိတ်တွေ ရှုပ်ထွေးလာရလေ ..
ဓာတ်လှေကားက ရပ်သွားပေမည့် တံခါးပွင့်မလာတာကြောင့်
ဂူယူရှန်း တံခါးကို ဆောင့်ကန်လိုက်တော့သည် ။
အဲ့တော့မှ ကျယ်ကျယ်လောင်လောင် အချက်ပေးသံက ဓာတ်လှေကားထဲက ထွက်လာပြီး တံခါးပွင့်လာသည်  .... တံခါးပွင့်တာနဲ့ ချင်းကျီအိုက်ကို ကားပါကင်ဆီ
ဆွဲခေါ်သွားပြန်သည် ။
ချင်းကျီအိုက်လည်း ရုတ်တရက်ဆိုသလို ဗိုက်ကတအားအောင့်လာတဲ့အပြင် ဂူယူရှန်းနောက်ကို အမြန်လိုက်နေရတာကြောင့် တကယ်အဆင်မပြေတော့ .. လဲကျတော့မတတ် ဖြစ်လာရ၏ ။ ကံကောင်းစွာပဲ
ဂူယူရှန်းက လမ်းလျှောက်တာကို အရှိန်လျော့လိုက်၏ ...
ဂူယူရှန်း ဒေါသတို့ စွေ့စွေ့ခုန်ရာကနေ ရပ်လိုက်ပြီး
အနောက်ကို လှည့်ကာ ချင်းကျီအိုက်ကို ဆူပစ်လိုက်သည် ။
“မင်းရူးနေတာလား သူတို့နဲ့ပြန်ပြီး ရန်ဖြစ်တာဖြစ်ဖြစ်
အဲ့နေရာကနေ ထွက်လာတာဖြစ်ဖြစ် လုပ်ရမှာကို
နားမလည်ဘူးလား မင်းကြောင့် ဒေါသထွက်ရလွန်းလို့
သေတော့မယ် ။ ငါကိုက မင်းကို ပါတီခေါ်လာခဲ့မိတာ မှားတာ .. နောက်တစ်ခါ ဒီတိုင်းငြိမ်နေရင် ငါကိုယ်တိုင် မင်းကို သေအောင်ကို ရိုက်ပစ်မယ်မှတ်”
ချင်းကျီအိုက်ကို ပြောချင်တာတွေ ပြောလိုက်ရသဖြင့် ဂူယူရှန်း နည်းနည်းတော့ စိတ်ပေါ့သွားသည် .. ထို့နောက် ဖြုတ်ထားပြီးသားဖြစ်သည့် အင်္ကျီ ကြယ်သီးကို အနည်းငယ်ထပ်ဆွဲဖြဲလိုက်တော့ ရင်ညွတ်ရိုးက ထင်းခနဲ ...။