စာစဉ် ၅ (၁၇-၂၄)
5K 609 11
စာစဉ် ၅၊ အခန်း ၁၇။ လျှို့ဝှက်ဆန်းကြယ်တဲ့စာတစ်စောင် (7)
သူမနဲ့ စာအဆက်အသွယ်ရှိခဲ့တာ ၄ နှစ်အကြာမှာတော့
သူ့ဆီကနေ စာအလာ ပြတ်သွားခဲ့လေသည် ။
ထို့ကြောင့်
သူတို့ကြားက ဆက်ဆံရေးပြီးသွားပြီဟု သူမ ထင်ခဲ့၏ ...
ဟုတ်သည်လေ ...
သူတို့က စာရေးဖော်မိတ်ဆွေသက်သက်ပဲလေ ... ဒါကလည်း ဆယ်ကျော်သက်အရွယ် အရူးထလို့ ပို့ဖြစ်ကြသည့်စာတွေကိုး။
သူတို့သည် တကယ်တမ်းတွင် တစ်ယောက်ကိုတစ်ယောက် 
မရှိမဖြစ် လိုအပ်ကြတဲ့ သူတွေမှ မဟုတ်ခဲ့ပဲ ...
သူမနည်းနည်းတော့ စိတ်ပျက်မိသွားပေမည့်
သူမတို့နှစ်ယောက် အပြင်မှာလည်း တစ်ခါမှ မဆုံဖူးခဲ့တာကို
တွေးရင်း ကိုယ့်ကိုယ်ကို ပြန်ဖြေသိမ့်လိုက်သည် ...
၂ လလောက်ထိ လုံခြုံရေး ဂိတ်မှာ စာလာလား
သွားမေးခဲ့မိပေမည့် ဘာစာမှမ‌ရောက်လာခဲ့ပါတဲ့ ...။
ထိုကြောင့် သူမလည်း စာလာလား သွားမေးခြင်းကို ရပ်လိုက်တော့၏ ...
နှစ်ဝက်လောက်အကြာမှာတော့ ရှုဝန်နူးက ပေကျင်းကို
ပြန်လာပြီး သူမကို အထက်တန်းကျောင်းနားမှာ ဟော့ပေါ့လိုက်ကျွေးသည် .. လုံခြုံရေးဂိတ်က အဖြတ်တွင်
သူမနဲ့ စာပို့ဖြစ်ခဲ့တဲ့လူကို သတိရသွားမိခဲ့သော်လည်း သူသည် စာပို့လာခြင်း မရိတော့တာကြောင့် သူမလည်း
မေးမနေတော့ပေ ။ သို့သော် သူမဆီကို ထိုစာတွေ ရောက်နေခဲ့လေသည် ။
လွန်ခဲ့တဲ့ ၂ လ‌လောက်ကစပြီး စာတွေပြန်ပို့လာသည်တဲ့ ... သူတို့အချင်းချင်း ဖုန်းနံပါတ်လည်း မသိကြတာကြောင့်
သူမသာ လုံခြုံရေးဂိတ်ကို မရောက်ဖြစ်ရင် ထိုစာတွေကို
ရလိမ့်မည် မဟုတ်ပေ ....
သူမ အိမ်ပြန်ရောက်တော့
ယူလာခဲ့စာအိတ်ကို ဖွင့်ဖတ်ကြည့်မိ၏ ...
ပထမဆုံးစာကြောင်းက တောင်းပန်စာ ။
သူ ဒဏ်ရာရသွားလို့ စာမပို့နိုင်ခဲ့ကြောင်းနဲ့ အခုပြန်ကောင်းနေပြီဖြစ်ကြောင်း ပြောထားသည့်စာ ။
ထိုစာကနေမှ သူသည် စစ်ထဲကလူဆိုတာ သိခဲ့ရခြင်းပင် ။
နောက်ပိုင်းမှာတော့ သူမအဖေရဲ့ လောင်းကစားကြောင့်
သူမလည်း အလုပ်ရှုပ်လာခဲ့ပြီး ထိုစာတွေကို မေ့လာသည် ... ထို့ကြောင့် သူမရဲ့ဖုန်းနံပါတ်ကို ကျောင်းဂိတ်ကို ပေးထားလိုက်၏ ။