စာစဉ် ၅ (၂၅-၃၀)
4.3K 600 10
စာစဉ် ၅၊ အခန်း ၂၅။  အေးစက်စက်လက်နက်ကြီး (5)
“ဗိုလ်ကြီးက မင်းသားချော ချောတာဗျ ။ ပြီးတော့
အဖွဲ့ထဲမှာလည်း အတော်ဆုံးပဲ ။ ပထမဆုံးအကြိမ်
ကျွန်တော်တို့ မစ်ရှင်အတွက် အလွှတ်ခံရတုန်းက
သေနတ်ကိုင်တဲ့ လူတွေနဲ့ တည့်တည့်တိုးတာရော ... ကျွန်တော်တို့လည်း လေ့ကျင့်တုန်းကတော့ နေ့တိုင်း သေနတ်အပစ်ကျင့်ခဲ့ရတာပါပဲ ၊ ဒါပေမယ့် အဲ့ဒီရန်သူတွေနဲ့လဲ တကယ်တန်းတိုးရော ဘယ်သူကမှ မပစ်ရဲတော့ဘူး ။ ဒါပေမဲ့ ဗိုလ်ကြီးကတော့ ၅ချက်ဆင့်ပြီးတော့ကို ဆက်တိုက်ပစ်ခဲ့တာ
ရန်သူကို တစ်ချက်လေးတောင် မလွဲခဲ့ဘူးဗျာ ။
ဗိုလ်ကြီးက အဲ့လောက်ထိတောင် တော်တာဗျ”
“ဗိုလ်ကြီးက တကယ့်လူစွမ်းကောင်းလိုပဲ ။
ကျွန်တော်တို့ တစ်ဖွဲ့လုံး ဗိုလ်ကြီးကို အရမ်း လေးစားအားကျနေကြရတာ ။ ဗိုလ်ကြီးက အပြင်ပန်းမှာသာ အေးစက်ရင်အေးစက်မယ် ၊ သူ့နှလုံးသားကတော့ တကယ်ကို နွေးထွေးတယ် အစ်မရဲ့ ။ စစ်သားတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာသလားတောင် မှတ်ရတယ် ။ တစ်ခါကလည်း
ငလျင်ကြောင့် ကလေးတစ်ယောက်ကို ကယ်ရင်းကနေ
သူ့အပေါ် အမိုးတွေ ပြုတ်ကျပြီး ဆေးရုံ ၃ လလောက် တက်လိုက်ရသေးတယ်လေ ။ ကံသီလို့ အသက်ဘေးကနေ လွတ်လာခဲ့ရတာ ။ ဗိုလ်ကြီးက တော်တော်လည်း တည်ငြိမ်တဲ့သူဗျ ။ ကျွန်တော်တွေ့ဖူးသမျှ လူထဲမှာတော့ အတည်ငြိမ်ဆုံးလူပဲ ။ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကတောင် ဗိုလ်ကြီးကို အေးစက်စက်လက်နက်ကြီးလို့ နာမည်ပြောင် ပေးထားသေးတယ်”
ချင်းယမ်ပြောတဲ့ ဂူယူရှန်းအကြောင်းတွေိကို ချင်းကျီအိုက် ဘာမှမတုံ့ပြန်ခဲ့ပေမဲ့ သေချာနားထောင်ဖြစ်ခဲ့သည် ။
ဂူယူရှန်းနဲ့ အဆက်အသွယ်ပြတ်ခဲ့သည့် အချိန်အတွင်း
သူက တကယ်ပဲ လေးစားစရာကောင်းသည့် လူတစ်ယောက်အဖြစ် ရှင်သန်နေခဲ့သည်ပဲ ...
“ဗိုလ်ကြီးသာ စစ်တပ်ထဲ ဆက်နေခဲ့ရင် အခုလောက်ဆို
သူ ရာထူးကြီးကြီး ရနေလောက်ပြီ ။ လွန်ခဲ့တဲ့ ၂နှစ် က
တပ်ထဲကနေ သူ ထွက်သွားတော့ ဗိုလ်မှုးတောင် ဖြစ်နေပြီ ၊
အဲ့ဒါကို သူ ထွက်သွားတာ .. သူ့အဖိုးကြောင့်တဲ့ ။ စစ်ထဲကနေ မထွက်ခင် သူ့အဖိုးက သူ့ရဲ့တစ်ဦးတည်းသောသွေးသား ဖြစ်ကြောင်း ပြောသွားသေးတယ်”