စာစဉ် ၆ (၁-၈)
4.7K 600 18
စာစဉ် ၆၊ အခန်း ၁။ အရေးကြီးဆုံးလူတစ်ယောက် (1)
ဂူယူရှန်း နိုးလာသည့်အချိန်က နေ့လည်ဘက်ဖြစ်တာကြောင့် လိုက်ကာကာမထားတဲ့ ပြတင်းပေါက်ကနေ တိုးဝင်နေသည့် နေရောင်က ဂူယူရှန်းမျက်နှာပေါ် ကျရောက်လို့နေသည် ။
မျက်လုံးတို့ကို ဖွင့်ကြည့်ဖို့ ကြိုးစားပေမည့်
ပေါက်ထွက်တော့မတတ် ကိုက်ခဲနေသည့် ခေါင်းကြောင့်
မျက်လုံးက ပြန်ပြန်ပိတ်သွားသည် ။
အိပ်ရာပေါ် ထထိုင်လိုက်ပြီးနောက်မှ ကုတင်ကို မှီကာ
မျက်လုံးတို့ကို ဖြေးဖြေးချင်း ဖွင့်ရသည် ။
အခန်းတစ်ဝိုက် မျက်မှောင်ကြုံ့ကာ ကြည့်မိတော့
အိမ်ကို ရောက်နေသည်ပဲ ။
မနေ့ကအကြောင်းတွေကို ပြန်တွေးမိတော့
မနေ့က လျန်ဒေါ့ကူရဲ့ ကားကို A အထက်တန်းကျောင်းနားမှာ တွေ့လိုက်တာကြောင့် ဂူယူရှန်းစိတ်ထဲ တွေးမိသည်က ..
"သူ ရာသီလာနေလို့ နေမကောင်းနေတာမဟုတ်ဘူးလား
ဘာလို့ အပြင်ရောက်နေပါလိမ့်"... ဟုပင် ။
ထို့ကြောင့်လည်း တွေ‌ဝေခြင်းမရှိပဲ သူမ ကားနောက်မှာ
ရှောင်ဝမ့်ကို ကားရပ်ထားခိုင်းလိုက်ခြင်းပင် ။
လျန်ဒေါ့ကူက ကားထဲမှာတော့ မရှိနေတာကြောင့်
သူမ ပြန်လာမည့်အချိန်ကို စောင့်ရင်း
ဂူယူရှန်း ကားအပြင်ကို ထွက်ကာ
ဆေးလိပ်သောက်နေလိုက်သည် ။
ရှောင်ဝမ့်ကို သူကိုယ်တိုင်တောင် သတိမထားမိပဲ
ပြန်လွှတ်လိုက်မိပြီး ဂူယူရှန်းကတော့ သူမ ကားပေါ်မှာ
တက်ထိုင်ကာ ညစာအတူစားဖို့တောင် ပြောခဲ့သေးသည် ။
ပုံမှန်ဆို သူမကို မတွေ့ရဖို့ အမြဲရှောင်တတ်သည်ကို
ဘာကြောင့်များ ရုတ်တရက် သူမကို
တွေ့ချင်သွားသည်လဲ မသိပါ ။
ဂူယူရှန်းဆိုတဲ့ငါကတော့ ရူးသွားပြီ ထင်တယ် ....
ဂူယူရှန်း ခေါင်းထဲက အတွေးတွေကို ခေါင်းခါကာ ဖယ်ထုတ်လိုက်ပြီးနောက် ခြုံထားတဲ့စောင်ကို ဖယ်ကာ
အိပ်ရာပေါ်က ဆင်းလာခဲ့လိုက်သည် ။
မနေ့က တရားခံတွေကို ဖမ်းဖို့လုပ်ရင်း
ကိစ္စတွေ ရှုပ်ထွေးသွားတာကြောင့် ချင်းကျီအိုက်ကို
ညစာပင် လိုက်မကျွေးနိုင်ခဲ့ပဲ သူမကို ပြန်ဖို့ပြောလိုက်မိသည် ။