Part-1 Uni

94K 1.9K 31
                                    

ဒီနေ့ ကျွန်တော် မြတ်နိုးပြီး ချစ်ရတဲ့ကိုကိုရဲ့ မင်္ဂလာဆောင်မယ့်နေ့ .......

ဒီမင်္ဂလာပွဲကို ကိုကို့သဘောနဲ့ ပြုလုပ်ခြင်းမဟုတ် ကိုကို့မိဘတွေက ကိုကိုနဲ့ ကျွန်တော် ကြိုက်နေတာကို သိပြီး ကွဲကွာစေရန် အတင်းအကြပ်စီစဥ်သောပွဲဖြစ်သည်။ ကိုကိုကလည်း မိဘစကားနားထောင်တဲ့ သားလိမ္မာလေးဖြစ်နေ၍ သူ့မိဘတွေ ခြယ်လှယ်သမျှခံနေရသည်။ အဲ့တော့ ကိုကိုနဲ့ ရှင်ကွဲမကွဲရအောင် ကျွန်တော် ဒီနေ့ကိုကို့ကို ရအောင်ခိုးပြေးဖို့ စီစဥ်ထားလိုက်သည်။

Flash back...

ကျွန်တော့်နာမည်က ဂုဏ် ။ တစ်လုံးတည်းလား ဆိုတော့ အမှန်တကယ်နာမည်အရင်းက ဂုဏ်မြင့်မာန် ။ ဟက် အနောက်က မြင့်မာန်က ကျွန်တော့်ရဲ့ အဖေနာမည်ပေါ့။ မုန်းလွန်းလို့
ကျွန်တော့်သဘောနဲ့ကျွန်တော် ဖြုတ်ချထားတဲ့ နာမည်နှစ်လုံးပေါ့။ ဘာကြောင့်မုန်းရလဲဆိုတော့ ဒီလိုပါပဲ မုန်းချင်လို့ပေါ့။ အဲ့အဖေဆိုတဲ့ လူအကြောင်းကို ပါးစပ်ကကို ထုတ်မပြောချင်တော့ပါဘူး။ အဲ့တော့ တစ်လောကလုံး သိထားတဲ့ ကျွန်တော့်နာမည်ကတော့ ဂုဏ် တစ်လုံးတည်းပါပဲ။အသက်ကတော့ ၂၃ပဲရှိသေးတယ်။
အလုပ်အကိုင်ကတော့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ CEO ပေါ့။
ကျွန်တော့်ကိုချစ်တဲ့ တစ်ဦးတည်းသော အဘိုးက ဦးစီးလုပ်ကိုင်စေချင်တဲ့ အတွက် အလုပ်လုပ်ဖို့ စိတ်မပါသေးပေမဲ့လည်း အဘိုးစိတ်ချမ်းသာဖို့အတွက် ဦးဆောင်လုပ်ကိုင်ရင်း ကုမ္ပဏီကြီးဟာ
တစ်ရက်ထက်တစ်ရက် အောင်မြင်လာခဲ့တာ အခုဆို တစ်ကမ္ဘာလုံးမှာ ဘသူမှ မယှဥ်နိုင်တဲ့ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီး အဖြစ် ရပ်တည်လာနိုင်တဲ့ အထိပင်။

ကျွန်တော် သိပ်ချစ်ရတဲ့ ကျွန်တော့်ကိုကို နာမည်ကတော့ ပိုင်သစ္စာ တဲ့။
ကိုကို့အသက်က ၂၅ရှိပြီ။ ဆောက်လုပ်ရေး ဒီဇိုင်းလောကမှာ အောင်မြင်နေတဲ့ Design Engineer တစ်ယောက်ပေါ့။ ကိုကိုတို့မိသားစုက ကျွန်တော့်လောက် မချမ်းသာပေမဲ့ အဆင့်အတန်းနိမ့်တဲ့ထဲမှာတော့မပါ။ သူ့အသိုင်းအဝိုင်းနဲ့သူ
ပြည့်ပြည့်စုံစုံရှိသည်။

ကဲ ကျွန်တော်နဲ့ ဘယ်လိုတွေ့လဲဆိုတော့
ပြောစရာတော့လိုမယ်မထင်ပါဘူး ကမ္ဘာကျော် ဆောက်လုပ်ရေးကုမ္ပဏီ CEOနဲ့ ဒီဇိုင်းလောကရဲ့ နာမည်ကျော် design engineer နဲ့က တစ်နေ့မဟုတ်တစ်နေ့တော့ တွေ့ကြမှာအမှန်ပဲလေ။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now