Part_5 (Unicode)

5.2K 621 72
                                    


လင်းသည် တစ်နေ့လုံး ငြိမ်သက်နေတော့သည်။ ထိုသို့ တိတ်ဆိတ်ကာ ငြိမ်သက်တော့လည်း မြတ်ဝန်းညီက စိတ်မကောင်း။ တစ်နေ့လုံးတွင် လင်းသည် ကူညီလုပ်ကိုင်စရာရှိသည်များကို ကူညီသည်ကလွဲ၍ စကားမပြောတော့ပေ။ ထိုအမူအရာသည် စိတ်တိုသော၊ ဒေါသဖြစ်သော အမျိုးအရာမျိုးလည်ယ မဟုတ်ပေ။ တစ်စုံတစ်ခုကို တွေးတောကာ ပင်ပန်းနေသော အမူအရာမျိုးပင် ဖြစ်လေသည်။

"လင်း အဆင်ပြေရဲ့လား"

‌ကားပေါ်ရောက်သည် အထိ တိတ်ဆိတ်ကာ ငြိမ်သက်နေသော လင်းကို မြတ်ဝန်းညီက မေးသောအခါ လင်းက ခေါင်းကိုသာ ညိတ်ပြသည်။

"ဟို ကျွန်တော့် ကြောင့်ပဲ စိတ်ညစ်သွားရတာလား"

လင်းသည် အားနာဟန်ဖြင့် ခေါင်းခါသည်။

"မဟုတ်ပါဘူး လင်း နည်းနည်း ပင်ပန်းလို့ပါ"

အမှန်တကယ်တွင် လင်းသည် စိတ်တို့ မွန်းကျပ်ရခြင်းပင် ဖြစ်သည်။ မိသားစု ဟူသော ဝေါဟာရသည် လင်းအတွက်မူ ပင်ပန်းစရာ ထက်မပိုခဲ့၊ မွန်းကြပ်စရာ အတိတ်တစ်ခုထက် မပိုခဲ့‌ပေ။ ထိုဝေါဟာရသည် လင်းအတွက်မူ ဒဏ်ရာတစ်ခုကဲ့သို့ တည်ရှိမှုမျိုးပင်။ 

မြတ်ဝန်းညီသည် လင်းကို ကြည့်ရင်းမှ စကားလွှဲရန် ကြိုးစားလိုက်သည်။

"ကျွန်တော်တို့က အတိတ်ဘဝရေစက်ကြောင့် ဒီမှာ လာဆုံကြရတဲ့သူတွေပဲ၊ အလှူတောင် အတူတူ ပြုခွင့်ရတယ်ဆိုတာ နည်းနည်းနောနော ရေစက်မှ မဟုတ်တာ"

လင်းက ခေါင်းကို အသာညိတ်ရင်း ပြုံးသည်။ ထိုအပြုံးသည် မဲ့ပြုံးဟု ဆိုရပေမည်။

ဒါဆို လင်းအပေါ် ရက်စက်ခဲ့တဲ့သူတွေ ၊ မောက်မာတဲ့သူတွေ ၊ နှိမ့်ချတဲ့ သူတွေနဲ့ ဆုံခဲ့တာကရော ရေစက်ကြောင့်ပဲလား။

" ဒီတော့ ဒီဘဝမှာလည်း မိတ်ဆွေလို ခင်ခင်မင်မင် နေကြရအောင်လေ"

လင်းသည် မြတ်ဝန်းညီ၏ အသံကို ကြားသော အခါမှ အတွေးတို့ကို ဖြတ်ရသည်။
မြတ်ဝန်းညီသည် ခွင့်တောင်းသည့်ဟန်ဖြင့် လင်းကို ကြည့်နေပြန်သော အခါ လင်းက ငြင်းပယ်ရန်ကို အားနာမိပြန်တော့သည်။

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now