"လင်းနဲ့ လက်ထပ်ချင်တယ်"
မြတ်ဝန်းညီ၏ စကားအဆုံးတွင် အစ်ကိုဖြစ်သူရော မိခင်ဖြစ်သူပါ ကြည့်လာသည်။
"လက်ထပ်တယ် ဆိုတာ ကစားစရာမဟုတ်ဘူး"
"သားသိပါတယ်"
"လက်ထပ်တဲ့အထိ လုပ်မှဖြစ်မှာလား"
မြတ်ဝန်းညီသည် မိခင်ဖြစ်သူအား ခေါင်းညိတ်ပြလိုက်သည်။
"အခုလည်း အတူတူရှိနေတာပဲမလား သားရယ်"
"သားက လင်းကို တစ်သက်လုံး တန်ဖိုးထားချင်တာပါ"
"ဒါပေမဲ့ လက်ထပ်ဖို့အထိက..."
"ညီညီ မင်းနေနေတာ မြန်မာနိုင်ငံနော်"
"ကျွန်တော် သိပါတယ်၊ ကျွန်တော် နိုင်ငံခြားမှာ လုပ်မှာပါ၊ ဒါကြောင့် ခွင့်ပြုပေးပါ"
"သားငယ် မင်း သူ့ကိုပဲ တွေးနေတော့မှာလား ၊ မေမေ့ ဘက်ကို ထည့်မတွက်တော့ဘူးလား"
"သား တစ်ချိန်လုံး မေမေ တို့ သဘောအတိုင်း နေခဲ့ပြီးပြီလေ မေမေရယ်၊ ဒီတစ်ခါတော့ လင်း ဘက်ကနေပါရစေ"
"ကြိုက်သလိုသာ လုပ်ပါတော့"
မိသားစု စကားဝိုင်းသည် ထိုနေရာတွင်ရပ်သွားသည်။ နေဝန်းညီသည် ညီဖြစ်သူကို ကြည့်သည်။
"ညီညီ မလွယ်လောက်ဘူးနော်"
"ကျွန်တော် သိပါတယ်"
"ဒါတောင် လက်ထပ်မလို့လား တွဲတာလောက်ကို လက်ခံပေးလို့ ရပေမယ့် .."
"ကိုကြီး"
"စကားမဖြတ်နဲ့ ညီညီ ..အခု အချိန်မှာ သူတို့တွေကို လက်ခံလာကြပေမယ့် ယောက်ျားချင်းလက်ထပ်လိုက်ကြရင် လူတွေက ဘယ်လို ထင်ကြမလဲ"
"ကျွန်တော် ဂရုမစိုက်တော့ဘူးကိုကြီး"
"ညီညီ"
"လင်းကို ချစ်မိပြီဆိုကတည်းက ကျွန်တော် ပတ်ဝန်းကျင်နဲ့ လူတွေရဲ့ အမြင်ကို ဂရုမစိုက်တတ်တော့တာ"
မြတ်ဝန်းညီသည် လင်းနှင့်သာ အတူရှိရလျှင် တလောက လုံးကို လျစ်လျူရှုရဲပါသည်။
*************
ကျယ်ဝန်းသောခြံထဲတွင် ရှိသော အိမ်သည် သီးသန့်ဆန်နေသည်။