လင်းသည် မြတ်ဝန်းညီ အနားကို တဖြည်းဖြည်း ကပ်လာသည်။"လင်း လက်ခံပါတယ် "
ခပ်တိုးတိုး အသံ၏ အဆုံးတွင် မြတ်ဝန်းညီသည် မျက်ရည်ဝဲမိတော့သည်။
"လင်း"
"ဟော ညီရာ ကလေးလား"
လင်းက ပြောပြောဆိုဆို မြတ်ဝန်းညီ၏ ခါးကို တင်းတင်းကျပ်ကျပ်ဖက်လာသည်။
"ညီ"
"အင်း"
"နောက်တစ်ခါ ထပ်ဝေးလို့ မဖြစ်ဘူးနော်"
"စိတ်ချပါ ကိုယ့်ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ကတိပေးပါတယ်"
လင်းက ပိုက်ဆံအိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်သည်။
"ညီ ကိုယ်တိုင်ပြန်ဝတ်ပေး"
လင်း လက်ထဲမှ လက်စွပ်သည် မြတ်ဝန်ညီနှင့် ဆင်တူ လက်စွပ်လေးပင်။
"လင်း မှာ မရှိတော့ဘူးလို့ ထင်နေတာ"
"ရှိပါတယ်၊ ဟိုနေ့က ညီ့ အိမ်ကို သွားတော့ ချွတ်ထားခဲ့တာ"
မြတ်ဝန်းညီသည် လင်းကို လက်စွပ် ပြန်စွပ်ပေးလိုက်သောအခါ လင်းက နှစ်နှစ်ကာကာ ပြူံးလာသည်။
"ကိုယ်လေ အမြဲတမ်း လင်းဘေးမှာ ရှိနေပါမယ် ..ဒီဘဝကနေ သံသရာ အဆက်ဆက်အထိ .."
"သွား အပိုတွေ"
ရယ်သံတို့သည် ကမ်းစပ်တွင် လွှမ်း၍ သွားလေသည်။
********
"ဒီက ဦးလေးကြီး "
မြတ်ဝန်းညီသည် လင်းကို စောင့်နေစဉ်တွင် နောက်မှ အသံကြောင့် လှည့်ကြည့်လိုက်သည်။ ကလေးတစ်ယောက်သည် ခါးထောက်ကာ မှုန်တေတေဖြင့် ကြည့်နေသည်။ ထိုကလေးကို မြတ်ဝန်းညီသည် အသေအချာပင် မှတ်မိပါသည်။
"ဘာလဲ"
"မမ ဝတ်မှုန်နဲ့ တွဲနေတာလား"
"ဟုတ်တယ်"
ထိုကောင်လေးက မျက်နှာညှိုးကျသွားပြီး ခေါင်းညိတါလာသည်။
"ဦးလေးကြီး မမကို ဂရုစိုက်ပေးပါ "
"ဘယ်လို"
"ကျွန်တော့် မမက မျက်နှာတည်ပေမယ့် ချစ်ဖို့ကောင်းပါတယ်"
"သိတယ်လေ"