Part_13(Zawgyi)

1.6K 158 14
                                    


မြတ်ဝန်းညီသည်  ကားပေါ်တွင် အလိုမကျသော မျက်နှာဖြင့် ထိုင်နေသည်။ ပုံမှန်အားဖြင့် မြတ်ဝန်းညီသည် အပြင်ထွက်ရသည်ကို သဘောကျသူမဟုတ်ပေ။ ပိတ်ရက်များတွင် တစ်နေရာ၌ နေကာ အနားယူတတ်သော သူပင်ဖြစ်သည်။

"ကိုကြီးနဲ့ သော်တာ သွားရင်လည်း ရတာပဲ"

"ညီညီကလည်း၊ တစ်ခါတလေ လိုက်ခဲ့ပါ"

ထိုဆိုင်သည် မြတ်ဝန်းညီတို့၏ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတစ်ခု။ ဝိုင် နှင့်ပတ်သတ်ကာ ကျွမ်းကျင်သော အကိုဖြစ်သူ နေဝန်းညီ က  မြတ်ဝန်းညီကိုလည်း သူနှင့်အတူ ထိုဆိုင်အား  ဦးစီးစေချင်သည်။ သို့သော် မြတ်ဝန်းညီသည် ထိုစီးပွားရေးကို စိတ်ဝင်စားခြင်းမရှိပေ။ မြတ်ဝန်းညီ၏ စိတ်ပါဝင်စားရာသည် ပညာရေးသာဖြစ်သည်။

ဆိုင်သို့ ရောက်သည်နှင့် သော်တာက အရင်ဆုံးပြေးကာ ဆင်းသွားသည်။ ထို့နောက် ဆိုင်ထဲသို့ပြေးဝင်ကာ ဗီဒို အနားတွင် ဝိုင်ပုလင်းများကို ကြည့်နေတော့သည်။

"ဝိုင်တွေမှာ ဘာလီဝိုင် ၊ ဆန်ဝိုင်နဲ့ သစ်သီးဝိုင် ဆိုပြီးရှိတယ်၊ ဘာလီဝိုင်နဲ့ မုယောဝိုင်ကတော့ Alcohol ၈% ကနေ ၁၅% ထိပါတတ်တယ်"

သော်တာက ခေါင်းတညိတ်ညိတ် လုပ်ရင်း နေဝန်းညီ ပြောသမျှကို နားထောင်သည်။

မြတ်ဝန်းညီသည်  လမ်းလျှောက်နေရင်း Sparkling Wine ဟူသော ဆိုင်းဘုတ် အောက်မှ ပုလင်း ကို မြင်သောအခါ ခြေလှမ်းတို့ရပ်သွားသည်။  လင်း ၏ အိမ်ကို ရောက်စဉ်က  ထို ပုလင်းကို မြင်ဖူးသည်ဟု အမှတ်ရမိသော အခါ မြတ်ဝန်းညီက ပုလင်းတစ်လုံးကို လှမ်းယူလိုက်သည်။

"ညီညီ လိုချင်လို့လား"

"မဟုတ်ပါဘူး ဒီအတိုင်း ကြည့်တာပါ"

သော်တာက ချက်ချင်းပင် အနားသို့ရောက်လာသည်။

"အဲဒါ ဘာ‌လဲဟင်"

"အဲဒါ Sparkling Wine လို့ခေါ်တယ်၊ ဝိုင်တွေထဲမှာ Red Wine , White Wine , Appetizer Wine , Sparkling Wine နဲ့ Sweet Dessert Wine ဆိုပြီး ရှိတာ ထဲက ဒါက စပါကလင်ဝိုင်၊ အနီရောင်စပျစ်သီးကို အဓိက သုံးပြီး ဖောက်ထားတာ၊ ဒီဝိုင်မျိုးထဲမှာ Champagne က နာမည် အကြီးဆုံးပဲ "

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now