Part_12 ( Unicode)

3.6K 491 32
                                    

ဇာတိမြို့ကို ရောက်လာတော့ ညနေပင် စောင်းနေပြီ။ ကားဂိတ်သို့အရောက်တွင် ပါလာသည့် ပစ္စည်းများကို စစ်ရင်း ကားပေါ်မှ ဆင်းသော အခါ လက်လှမ်းပြနေသော အစ်ကို ဖြစ်သူကို တွေ့ရသည်။ အစ်ကိုဖြစ်သူ နေဝန်းညီသည် အိမ်တွင်အမြဲနေနိုင်သူမျိုး မဟုတ်ပေ။ အချိန်တော်တော်များများတွင် ခရီးထွက်နေသည့် သူပင်ဖြစ်သည်။

"ကိုကြီး ပြန်ရောက်နေတာလား"

နေဝန်းညီက ခရီးဆောင် အိတ်ကို လှမ်းယူရင်း ရယ်သည်။

"မေမေပေါ့၊ ပြန်မလာရင် သေလည်းမလာနဲ့တဲ့"

မြတ်ဝန်းညီသည် ခေါင်းကိုသာခါရင်း လိုက်ရယ်မိတော့သည်။

"မောင်းမလား ညီညီ"

နေဝန်းညီက ကားသော့ကို ပေးလာသောအခါ မြတ်ဝန်းညီက ခေါင်းခါသည်။

"ညီညီ ကားမောင်းရတာ အကြိုက်ဆုံးမလား"

နေဝန်းညီသည် မြတ်ဝန်းညီအား အထူးအဆန်းသဖွယ် ကြည့်သည်။ အိမ်သို့ ပြန်လာသည့် အချိန်တိုင်းတွင်  မြတ်ဝန်းညီက အဝေးပြေးကားပေါ်မှ ဆင်းသည်နှင့် ကားသော့ကို လုယူမြဲဖြစ်သည်။

"ကျွန်တော် အိပ်ချင်နေလို့"

မြတ်ဝန်းညီသည် မျက်လုံးကို မှေးကာ ထိုင်နေလိုက်သည်။ ဆေးရုံတွင်ရှိနေစဉ် အတောအတွင်း ပင်ပန်းခဲ့ရသည်က များသည့်အတွက် မြတ်ဝန်းညီသည် လက်တစ်ချောင်းကိုပင် လှုပ်ချင်စိတ် မရှိတော့ပေ။

ဆေးရုံတွင် လင်းကို စောင့်နေရင်း မြတ်ဝန်းညီ ညတိုင်း မအိပ်ခဲ့ပေ။ မအိပ်ခဲ့ရခြင်းမျိုး မဟုတ်သော်လည်း လင်း နိုးလာချိန်တွင် အသင့်ရှိနေပေးချင်စိတ်ဖြင့် တစ်ရေးမျှ မအိပ်ဘဲ စောင့်နေခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဆက်တိုက် အိပ်ရေးပျက်မိသော အခါ မြတ်ဝန်းညီ သည် အတော်ပင် ပင်ပန်းနေခဲ့ပြီ။ ထို့ကြောင့် ‌အဝေးပြေး ကားပေါ်တွင်လည်း တောက်လျှောက် အိပ်လာခဲ့သည်။ အိမ်သို့သွားရာ လမ်းတွင်လည်း အိပ်ချင်သည့် စိတ်က မပြေသေးပေ။

မြတ်ဝန်းညီသည် မည်မျှအိပ်ပျော် သွားသည်မသိ။ အိမ်ရှေ့အရောက်တွင် နေဝန်းညီက နှိုးသော အခါမှ မျက်လုံးဖွင့်ရတော့သည်။

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now