Part_28 (Unicode)

3.4K 450 63
                                    


မြတ်ဝန်းညီ တို့ မိသားစု ဆက်ဆံရေးသည် တစ်စထက်တစ်စ အေးစက်လာသည်။ တော်ရုံစကားသိပ်မပြောတော့သလို အပြုံးအရယ် လည်း မရှိကြတော့ပေ။

မြတ်ဝန်းညီသည် အနေရကျပ်နေသော အစ်ကို ဖြစ်သူကို အားနာမိသော်လည်း စိတ်ကိုတော့  မလျှော့နိုင်ပေ။

ထို ပွဲပျက်သွားပြီးသည့် နောက်တွင် မြတ်ဝန်းညီသည် လင်းကို ရှာရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း လင်းနှင့် အဆက်အသွယ်မရပေ။ နောက်ဆုံးတွင် လင်းရှိရာ နေရာသို့ လိုက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

မြတ်ဝန်းညီ၏ ဘဝသည်လည်း လွယ်ကူခဲ့သည်တော့ မဟုတ်ပါပေ။ ဘော်ဒါမှ နှုတ်ထွက်ခဲ့ရသလို၊ အတင်းအဖျင်း စကားများကို လည်း ကြားခဲ့ရသည်။ မြတ်နိုးရသော အလုပ်ကိုလည်း ထိုအချိန်မှာပင် စွန့်လွှတ်လိုက်ရလေသည်။

"ကိုကြီး ကျွန်တော်သွားပြီ"

"အင်း အစစအရာရာ ဂရုစိုက်"

မြတ်ဝန်းညီသည် လင်းအား တွေ့အောင်ရှာမည်ဟု ဆုံးဖြတ်ထားသည်။  နောက်တစ်ခေါက် ပြန်တွေ့ပါက လင်းအား လက်မလွှတ်နိုင်တော့ ဟုလည်း ဆုံးဖြတ်ထားလေသည်။

မြတ်ဝန်းညီသည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချထားသည်။ လင်းနှင့် နောက်တစ်ကြိမ်သာ ပြန်ဆုံရလျှင် လင်းကို သာရွေးချယ်မည်။

****************

ကုမ္ပဏီ၏ ဆောင်ပုဒ်များထဲမှ လင်း သဘောကျမိသည့် စာသားတစ်ခုရှိသည်။

"ခွဲခြားဆက်ဆံခြင်း မရှိစေရ"

လင်း သည် နေရာ အမှန်သို့ ရောက်လာသည်ဟု ပင် ဆိုရပေမည်။

လင်းတို့ ကို အနည်းအကျဉ်းမျှလက်ခံလာကြသော အချိန် တွင် လင်းသည်လည်း နေရာတစ်ခု ရလာသည်။ မြန်မာနိုင်ငံ၏ အတော်ဆုံး ဒိီဇိုင်နာ မဟုတ်သော်လည်း  နေရာတစ်ခု ရှိနေသောကြောင့် တော်ရုံလူက မနှိမ့်ချကြတော့ပေ။ ကွယ်ရာတွင်ပြောသာ အတင်းအဖျင်းစကားများကို သာ ကြားရသော်လည်း လင်းသည် ထိုသို့သော ကွယ်ရာမှ စကာားတို့ကို ဂရုစိုက်တတ်လေသူ မဟုတ်။

လင်း ကို ကမ်းလှမ်းလာသော ကုမ္ပဏီ များစွာ ရှိလာသော်လည်း လင်းကတော့ ပထမဆုံးကမ်းလှမ်းခဲ့သည့် ကုမ္ပဏီဖြင့်သာ အလုပ်ဆက်လုပ်နေသည်။

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now