Part_8(Zawgyi)

1.8K 177 2
                                    

" မှတ်တမ်းတင် ဓာတ်ပုံရိုက်ဦးမလား"

"ရပါတယ် မရိုက်တော့ပါဘူး"

လင်းသည် အလှူဒါန ပြုသည့်အချိန်တွင် မှတ်တမ်းတင်သည့် ဓာတ်ပုံများကို ရိုက်လေ့မရှိ‌ပေ။ အထူးသဖြင့် အခြားသူများ ပါဝင်နေသော၊ အခြားသူများကို လှူဒါန်းနေသော ဓာတ်ပုံများကို ဆိုလျှင် တစ်ပုံမျှပင် မှတ်တမ်းမတင်ချင်ပါချေ။

ဆွမ်းစားဆောင်ထဲတွင် ဆွမ်းစားနေသော အဖိုး၊ အဖွား များနှင့်အတူ ဓာတ်ပုံရိုက်ခြင်းသည် မလိုအပ်သော အရာဟု လင်းက ယူဆသည်။
ကုသိုလ်ဟူသည် သဒ္ဒါတရားကို အရင်းခံကာ  စိတ်ပိုင်းပြတ်ပါက ထိုအလှူသည် ဒါနမြောက်သည်ဟု မှတ်ယူသည်။ သူတစ်ပါးက ခိုင်းစေသော အလှူမျိုးလည်း မဟုတ်သောကြောင့် သက်သေဆိုသည့် အရာသည် မလိုအပ်ဟု တွေးသည်။

"လင်းတို့ ကူစရာ မရှိရင် သွားတော့မယ်နော်"

အဘိုး အဘွား တို့၏ ဆုတောင်းသံ၊ မေတ္တာပို့သံတို့ကို ကြားရသောအခါ လင်း သည် စိတ်မကောင်းဖြစ်လာရသောကြောင့် ခပ်မြန်မြန်သာ ထမင်းစားဆောင်အပြင်ဘက်သို့ထွက်လာရသည်။ သာမာန်အချိန်တွင် အဖိုး၊ အဖွားတို့၏ မေတ္တာပို့သံသည် စိတ်ကို အေးချမ်းစေနိုင်သော်လည်း ထိုသို့သော ဘိုးဘွားရိပ်သာမှ မေတ္တာပို့သံ၊ ဆုတောင်းသံများကို လင်းသည် နား‌ထောင်နိုင်သည့် အင်အားမျိုးမရှိပါချေ။

"မမလင်း ဒီနား ခဏထိုင်ကြမလား"

ကျော့ကျော့ဝေက ဝါးပင် အောက်ရှိ ထိုင်ခုံကို လက်ညှိုးထိုးပြသည်။ လင်းသည် ဝါးပင်နားတွင် မတ်တပ်ရပ်နေသော ကျော့ကျော့ဝေကို ခေါင်းသာ ညိတ်ပြလိုက်ရသည်။

"မမလင်း မျက်နှာ မကောင်းပါလား ၊ နေမကောင်းလို့လား "

"နေကောင်းပါတယ်၊ ခုနက အဘွားတို့ မေတ္တာပို့ ဆုတောင်းသံကြားတော့ ရင်ထဲသိပ်မကောင်းလို့ပါ"

"ဩော် ဒါက မမလင်းရယ် ဘိုးဘွားရိပ်သာက အဘိုးအဘွားတွေအကုန်လုံးက သားသမီးမရှိလို့ ဒီမှာနေနေကြတာမဟုတ်ပါဘူး၊ အေးအေး ချမ်းချမ်း တရားအားထုတ်ရင်း နေချင်လို့ လာကြတဲ့သူလည်းရှိပါတယ်"

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now