Part_9 (Zawgyi)

1.8K 178 9
                                    

"ငြိမ်းတို့ ဘေးကသေချာသွား၊ ဒီလမ်းကြားက မှောင်တယ်"

လင်းသည် ပြောလည်းပြောရသည်။ လမ်းကိုလည်း သတိထားနေရသည်။ လူသုံးယောက်သည် တန်းစီကာလမ်း‌လျှောက်ရန် မဖြစ်နိုင်သော အခါ လင်းက ကျော့ကျာ့ဝေနှင့် ငြိမ်းငြိမ်းကို အရှေ့မှ လျှောက်စေသည်။

"ဘယ် ညာ ဘယ် ညာ"

အသံကြားရာသို့ လှည့်ကြည့်လိုက်သော အခါ အုတ်ခုံပေါ်တွင် ထိုင်နေကြသော လူအချို့ကို တွေ့လိုက်ရသည်။ လင်းသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သည်။

"ငြိမ်းတို့ ဒီဘက်ကိုလာ"

လမ်းမဘက်တွင် လူများစည်ကားနေသော်လည်း အဆောင်သို့ ပြန်သည့်လမ်းကြားသည် အနည်းငယ်မှောင်ကာ လူသွားလူလာလည်း သိပ်မရှိပေ။

"ဟေ့ကောင် ‌ ချစ်စရာလေးတွေကွ ဟားဟား"

"ဘယ်သွားကြမလို့လဲ လိုက်ပို့မယ်လေ"

ဘေးတွင်ထောင်ထားသော ပုလင်းများ အရ ထိုသူတို့သည် မူးနေသည် ဟု လင်းက ယူဆလိုက်သည်။

ထိုသို့သော နောက်ပြောင်ခြင်းမျိုးကို လင်းသည် သည်းမခံနိုင်ပေ။ သို့သော် ဘေးတွင်ရှိသော ငြိမ်းငြိမ်း တို့ကို ငဲ့ကာ ပြဿနာကို ရှောင်ရန် ကြိုးစားလိုက်ရင်း လမ်းကို မြန်မြန်လျှောက်ရန်သာ သတိပေးလိုက်တော့သည်။

လင်းတို့က လမ်းကို သွက်သွက်လျှောက်လိုက်သောအခါ ထိုလူများအထဲမှ တစ်ယောက်သည် မတ်တပ်ရပ်ကာ လင်းတို့၏ အရှေ့သို့ ရောက်လာရင်း လမ်းကို ပိတ်ရပ်လိုက်သည်။

လင်းသည် စိတ်ကို ထိန်းကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ထိုလူအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ဖယ်"

သို့သော် ထိုသူသည် လက်ညှိုး တစ်ချောင်းကို ခါရမ်းရင်း လင်းတို့ကို ရယ်ပြလာသည်။

ထို့နောက်တွင် အခြားသူများကပါ မတ်တပ်ရပ်လာကြသည်။

"ညီမလေး"

ပြောရင်းဆိုရင်းပင် ထိုလူက ငြိမ်းငြိမ်းအနားသို့ရောက်လာပြီး ရုတ်တရက် လက်ကို ဆွဲကိုင်သည်။

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now