စာစဉ် ၇ (၂၁-၃၀)
4.2K 496 9
စာစဉ် ၇၊ အခန်း ၂၁။ သူမရဲ့စောင့်ဆိုင်းခြင်းက အချည်းနှီး (1)
ဂူယူရှန်း စိတ်ထဲကြည့်လေ
လျန်ဒေါ့ကူရဲ့မျက်လုံးတွေနဲ့တူတယ်လို့ ထင်နေတုန်း ...
မျက်လုံးတွေက နက်ပြီး တွင်းထွက်ကျောက်တစ်ခုခုလိုလေး ...။
သူမနဲ့ လျန်ဒေါ့ကူကြား မတူတဲ့အရာ ရှိရမယ်ဆိုရင်
အဲ့ဒါက လျန်ဒေါ့ကူက မိတ်ကပ်လိမ်းရတာ ကြိုက်တယ်
ဒါပေမဲ့ သူမကတော့ မကြိုက်ပုံပါပဲ ..
သူမ၀တ်တဲ့ အ၀တ်အစားတွေက လျန်ဒေါ့ကူလို ဈေးမကြီးပဲ ဆံပင်ဖြောင့်ဖြောင့်တွေကို ချထားသည် ။ ပြီးတော့
မျက်ဝန်းတွေက လျန်ဒေါ့ကူထက် ပိုကြည်လင်သလိုပါပဲ..
ငြိမ်သက်စွာ ချင်းကျီအိုက်ကို စိုက်ကြည့်နေတာကို
သိသွားတဲ့ လုဘန်ချန်းက သူ့နားကပ်လာပြီး မေးသည် ။
“ဘာလို့ ဘာမှ မပြောတာလဲ”
လုဘန်ချန်း သူ့ကို လှမ်းမေးတဲ့အချိန်မှာ ချင်းကျီအိုက်နဲ့ ရှုဝန်နူးရဲ့ သီချင်းကလည်း “ဟီရိုရှီးမား ငါ့အချစ်” နဲ့ အဆုံးသတ်သွားခဲ့လေပြီ ...
မိန်းကလေးတစ်ယောက်ကို တွေ့ရုံနဲ့ စူးစိုက်ကြည့်မိနေတဲ့
သူ့ကိုယ်သူ ဂူယူရှန်း မျက်မှောင်အသာကြုံ့လိုက်မိပါ၏ ။
“ဘာဖြစ်နေတာလဲ”
ဂူယူရှန်း၏ ဘာတုံ့ပြန်မှုမှပြန်မရတဲ့ လုဘန်ချန်းက
လက်တွေကို မျက်နှာရှေ့‌ဝှေ့ရမ်းပြပြီး စကားတွေ များနေပြန်သည် .. အရက်သောက်ထားတဲ့ လုဘန်ချန်း စကားပြောတာက နဂိုထက် ရိသဲ့သဲ့..။
“ဘာလဲ ဟောင်ဇီ့မိန်းမရဲ့ သူငယ်ချင်းကို စွဲလမ်းသွားပြီလား”
ဂူယူရှန်း မရီရတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလို
အသာပြုံးရင်း ..
“သူ့ဘာသူ လှလှမလှလှ ငါနဲ့မဆိုင်တာမို့လို့ ငါ့ကို
သောက်ပိုတွေ မပြောစမ်းနဲ့”
“ကျွန်တော်ကလား ..အစ်ကိုပဲ အကြည့်မလွှဲပဲ...”
သောက်ထားတဲ့ လုဘန်ချန်းက
ဂူယူရှန်းနဲ့ ရန်ဖြစ်ချင်ပုံ ပေါ်တာကြောင့်
စိတ်ပျက်သလို ကြည့်လိုက်ရင်း စကားလုပြောလိုက်ရသည် ။