21 [🔥]

11.8K 610 58
                                    

Unicode

ဝမ်ရိပေါ် သေသေချာချာကို မှတ်ထားတာကြောင့် ဒီနေ့ဟာ သူတို့ ၂ ယောက်တွေ့တာတစ်လပြည့်မှန်း ကောင်းကောင်းသိတယ် ။
ပြသနာက ရှောင်းကျန့်... ။

မမှတ်မိလဲ စိတ်ဆိုးချင်ယောင်ဆောင်ပြီး ဒီနေ့ တစ်နေကုန် ချစ်ကြည်နူးတစ်တီတူးမယ်ပေါ့ .... အခုတော့ ဒင်းက မမှတ်မိတဲ့အပြင် အိမ်မှာသူနဲ့အတူမနေပေးဘဲ ဒီနေ့မှအကြောင်းမရှိအကြောင်းရှာပြီး အပြင်ထွက်သွားတယ်တဲ့ ။

စဥ်းစားကြည့်ပါအုံး ဘယ်လောက်စိတ်ဆိုးချင်စရာကြီးလဲ.... ။

အိမ်ကထွက်သွားတာ ၄ နာရီလောက်ရှိနေပြီ ပြန်မလာသေးဘူး။ ဖုန်းဆက်ဖို့ စဥ်းစားပေ မဲ့ မဆက်ဘဲ ပြန်လာမှ အပီအပြင်စိတ်ဆိုးမယ်လို့ဆုံးဖြတ်လိုက်တယ်။

ခဏနေတော့ သူ့ရဲ့မျှော်တော်မူလေးပြန်လာရော..... တံခါးဘက်ကိုကျောပေးပြီးစိတ်ဆိုးနေလိုက်တယ်။

"ဝက်ပေါက်လေး....ကိုပြန်လာပြီနော်"

"ဘာအခုမှ ဝက်ပေါက်လေးလဲ ပြောတော့အမြန်ပြန်လာမယ်ဆိုပြီး"

"ကိုပြောတယ်လေ ဝက်ပေါက်ရဲ့ ၃ နာရီလောက်ကြာပါမယ်လို့"

"အခုက ၄ နာရီတောင်ကျော်နေပြီလေ ဘယ်တွေ ဘယ်လောက်ကြာအောင်သွားနေတာလဲပြော.... ပြီးတော့ဒီနေ့ ဘာနေ့လဲရောသိလား"

"​သြော်...ဝက်ပေါက်နဲ့တော့ခက်ပြီ ဘာနေ့လဲသိချင်တာများ ဖုန်းထဲမှာကြည့်လဲရနေတာကို လူကိုကြံဖန်ပြီး ရစ်နေတယ်ကြည့်"

"ထင်ပါတယ်.... ခင်ဗျားမသိဆိုတာ"

"ဟာ....ဘယ်လိုဖြစ်လို့ ခင်ဗျားတွေဘာတွေဖြစ်ကုန်ရတာလဲ"

"ဒီနေ့တောင်ဘာနေ့မှန်းမသိတာ... ကျုပ်က ခင်ဗျားကို နူးနူးညံ့ညံ့လေးဆက်ဆံပေးရမှာလားပြော"

"ဝက်ပေါက်ပြောမှ ကိုကသိမှာပေါ့"

"တော်ပြီ တော်ပြီ ခင်ဗျားလည်းကျုပ်ကို နူးနူးညံ့ညံ့လာမဆက်ဆံနဲ့ "

"သေချာတယ်နော်"

"သေချာတယ်....သွား လာလည်းမခေါ်နဲ့"

"ဒီဘက်ခဏလှည့်ပါအုံး....ဒီမှာဝက်ပေါက်အတွက်မုန့်တွေလည်းဝယ်လာတယ်"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now