14

6.4K 615 38
                                    

Unicode

ရှောင်းကျန့် ရေချိုးခန်းထဲကထွက်ထွက်ချင်းဘဲ မျက်ရည်အဝိုင်းသားနဲ့ သူ့ကိုကြည့်နေတဲ့ ဝမ်ရိပေါ်ကြောင့် လန့်သွားတယ်။

"ဝက်ပေါက်...."

ငိုချင်တာကိုအောင့်ထားတဲ့ ဝမ်ရိပေါ်ရဲ့အသံလေးက တကယ်သနားစရာကောင်းတယ်။

"ကျွန်တော့်ကို ပြန်ပို့တော့မှာလား..."

"ကို...ကိုက"

"ကျွန်တော်မေးတာဘဲဖြေ.... ကျွန်တော့်ကိုပြန်ပို့တော့မှာလားလို့"

ရှောင်းကျန့် ဝမ်ရိပေါ်ကိုရင်ခွင်ထဲထည့်ပြီး တင်းကြပ်စွာဖက်ထားလိုက်သည်။ ဝမ်ရိပေါ်လည်း ရှောင်းကျန့်ရင်ခွင်ထဲတိုးလို့ ငိုချလိုက်တယ်။

"ကို တောင်းပန်ပါတယ်"

"ဘာကိုတောင်းပန်တာလဲ...မရဘူး မတောင်းပန်ရဘူး"

ရှိုက်ကြီးတငင်ငိုနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ပါဝမ်းနည်းရတယ်။

" မင်း ဒုက္ခရောက်နေမှာ ကိုမကြည့်ရက်ဘူးဝက်ပေါက်"

"ဒုက္ခမရောက်ဘူး.... ဘားမှဒုက္ခမရောက်ဘူးလို့"

"မင်းလိမ်နေတာ ဝမ်ရိပေါ်....မင်းအဆင်မ​ပြေဘူးဆိုတာ ဒီတစ်မနက်တည်းနဲ့သိနေရပြီ"

"အဟင့်....အဟင့်.....အဟင့်.....ဟင့်....ကျွန်တော်မလိမ်ဘူး.....ဟင့်....ကျွန်တော်အဆင်ပြေတယ်"

"တိတ် တိတ် ကိုအော်မိသလိုဖြစ်သွားပြီ"

"ကျွန်တော်မပြန်ချင်ဘူး ကျန့်..."

"ဒါပေမဲ့"

"အချစ်ဆိုတာ ကျန့်နဲ့မှရုပ်လုံးပေါ်လာတာမို့
ကျွန်တော့်ကို တစ်ယောက်တည်းထားပြီး
ထွက်မသွားပါနဲ့နော်"

"ဝက်ပေါက်ရယ်......"

"တစ်ကယ်ပြောတာ.... ကျွန်တော်ခံစားနိုင်မှာမဟုတ်ဘူး ဘယ်လောက် ဒုက္ခရောက်ရောက် ကျွန်တော် ကျန့်နားမှာဘဲနေမယ်"

"ဟုတ်ပြီ ဟုတ်ပြီ ကို မှားသွားတယ် ကို ဝက်ပေါက်ကို ပြန်ပို့ဖို့ တွေးကိုမတွေးသင့်ခဲ့ဘူး"

"မတောင်းပန်ပါနဲ့....  ကျွန်တော့်ကိုထားမသွားဘူးဆို ရပြီ"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now