2

14.2K 1.1K 21
                                    

Unicode

ရှန်ယောပြန်သွားတော့မှ ဝမ်ရိပေါ်အနည်းငယ်စိတ်သက်သာရာရသွားတော့သည်။ ရှန်ယောဒီလိုမျိုးတွေပြုမူနေတာ ဝမ်ရိပေါ်အတွက်အမှန်ပင်စိတ်ပင်ပန်းရသည်။ နောက်တစ်ခါဆိုရင်တော့ ဘယ်လိုနည်းနဲ့မှသည်းမခံဖို့ ဝမ်ရိပေါ်ဆုံးဖြတ်ချက်ချလိုက်သည်။

ရှန်ယောပြန်သွားပြီး မိနစ်အနည်းငယ်အကြာမှာ ဝမ်မာမားတို့လည်းပြန်ရောက်လာကြတယ်။

"ဝမ်လေး.....သားလေးရေ မာမားတို့ပြန်ရောက်ပြီအောက်ဆင်းခဲ့ပါအုံး"

ဝမ်ရိပေါ်သူ့ပါပါးနဲ့မာမားပြန်လာတယ်လို့ကြားတာနဲ့ အောက်ထပ်အပြေးအလွှားဆင်းလာလိုက်သည်။

"မာမားနဲ့ပါပါးက ကတိမတည်ဘူး ပြောတော့သားနဲ့မနက်စာတူတူစားမှာဆို"

"လမ်းလျှောက်အဖွဲ့က ဖုန်းဆက်ပြီးတောင်ခေါ်တော့ ပါပါးတို့ကငြင်းလို့မကောင်းဘူးလေ ဝမ်လေးရဲ့"

"မသိဘူး....သွား ပါပါးတို့ကိုစိတ်ဆိုးတယ်"

"ဟောဗျာ....စိတ်ဆိုးသွားပြီဆိုတော့ ပါပါးသားလေးစိတ်ဆိုးပြေအောင်ပါပါးဘယ်လိုချော့ရမလဲပြော"

"ညနေ ဟောက်ယန်တို့ညီအစ်ကိုနဲ့ ကွင်းမှာ စကိတ်သွားစီးမယ်"

"သားရယ် ဖြစ်ပါ့မလား"

"ဟာ....ဘာလို့မဖြစ်ရမှာလဲ ပါပါးကလဲ အရင်လဲစီးနေကျကို"

"အခုတလော ဒီနားမှာ လုယက်မှုတွေ ဓားထိုးမှုတွေဖြစ်နေတာသားလဲအသိဘဲ"

"သားတို့နဲ့မှမဆိုင်တာ ပါပါးရယ် ဘားမှမဖြစ်ပါဘူး....နော် နော် သားလဲစကိတ်သွားမစီးတာကြာပြီလေ"

"ဟုတ်ပြီ ဟုတ်ပြီ ဒါပင်မဲ့နောက်မကျရဘူးနော် ၇ နာရီလောက်အရောက်ပြန်ခဲ့ရမယ်"

"ရတယ်...ရတယ် ဒါကြောင့်ပါးကိုချစ်ရတာ မွ "

"မာမားကိုရောမချစ်ဘူးလား"

"ချစ်တာပေါ့.... မာမားကိုလဲအများကြီးချစ် မွ မွ "

"ဒါဆို သား ဟောက်ယန် ဆီဖုန်းသွားဆက်အုံးမယ်နော်"

စကိတ်စီးရမှာကို အင်မတန်စိတ်အားထက်သန်နေတဲ့ ဝမ်ရိပေါ်ဟာ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်း ၂ ယောက်ဖြစ်တဲ့ ဟောက်ယန် နဲ့ချမ်းယန် ကို ညနေ စကိတ်ကွင်းမှာဆုံဖို့ချိန်းလိုက်တယ်။

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now