4 [ 🔥 ]

24.9K 953 80
                                    

Unicode

Warning 💥
18 နှစ်ပြည့်မှဖတ်ပါ။ မပြည့်လဲဖတ်ချင်ဖတ်..

ရှောင်းကျန့်ဆွဲခေါ်တဲ့ဆီကို ပါသွားတဲ့ဝမ်ရိပေါ်ဟာ စကိတ်ကိုတောင်မယူနိုင်တဲ့အထိဖြစ်သွားတယ် ။ ဟိုကလဲ ဂုတ်ကနေအားကြီးနဲ့ဆွဲခေါ်သွားတာကို....

ဘယ်ကိုခေါ်သွားမှန်းမသိ ဘာလုပ်ဖို့ခေါ်သွားမှန်းမသိဘဲ အနောက်ကနေလိုက်နေရတဲ့ ဝမ်ရိပေါ်အဖြစ်ကိုကဆိုးလှပါတယ်....လို့ ဒရမ်မာချိုးရအောင်လည်း သူကိုယ်တိုင်က ကလိကလိလုပ်ပြီး ဆွဲခေါ်တဲ့နောက်လိုက်လာတဲ့သူဖြစ်နေတယ်။

ဆိုင်ကယ်အရှိန်ကိုမတရားမြှင့်မောင်းနေတဲ့ရှောင်းကျန့်ကစကားတစ်ခွန်းမှမပြောတာကြောင့် ဝမ်ရိပေါ်ဘက်ကသာ စကားစလိုက်တယ်။

"ရှောင်းကျန့်.........ရှောင်းကျန့် လူဇိုးကောင် ခင်ဗျား ကျွန်တော့်ကိုဘယ်ခေါ်သွားနေတာလဲ"

ဝမ်ရိပေါ်ကအနောက်ကနေရှောင်းကျန့်ခါးကိုကျစ်ကျစ်ပါအောင်လဲစုပ်ထားရသေးသည်။ သေတော့မသေချင်သေးဘူးလေ ။

ဆိုင်ကယ်မောင်းနေတာကြောင့်တစ်ကြောင်း လေအရှိန်နဲ့ မကြားရတာကတစ်ကြောင်းမို့ ဝမ်ရိပေါ်ပြောသည်ကိုရှောင်းကျန့်အရေးမစိုက်ဘဲလွှတ်ထားလိုက်တယ်။

ဒီလောက်အနောက်ကနေဖင်ပြဲမတတ်ပြောနေတာတောင် ဂရုမစိုက်တဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ်စိတ်တိုလာကာ နား နားကိုကပ်ပြီး ထပ်အော်လိုက်တယ်။

"ဒီမှာ.........ရှောင်းကျန့်ဆိုတဲ့ရာဇဝတ်ကောင်ကြီးရေ..........ငါ့ကိုဘယ်ခေါ်သွားနေတာလဲလို့..........ဒီမှာ အော်နေတာ ဖင်ကြီးပါကွဲထွက်တော့မယ်"

"ကျစ်!!! ဝမ်ရိပေါ်...... မင်းစောက်ပေါက်ပိတ်ထား"

ဒီလေသံလောက်ဆိုဝမ်ရိပေါ်သိပြီ ရှောင်းကျန့်စိတ်တိုနေတုံး...

၅မိနစ်လောက်ဘဲမောင်းရသေးတယ် မှောင်မဲနေတဲ့ လမ်းကြားသေးသေးလေးထဲရောက်လာတယ်။ ဘယ်လိုနေရာမျိုးလဲဆိုတာတော့ ဝမ်ရိပေါ်မသိ။ တိုက်ပုတိုလေးတစ်ခုရှေ့မှာ ဆိုင်ကယ်ကိုထိုးရပ်ပြီး ဝမ်ရိပေါ်ကိုလဲဆိုင်ကယ်ပေါ်မှဆင်းစေကာ လက်ကောက်ဝတ်ကနေကိုင်ပြီး အထဲကိုဆွဲခေါ်သွားပြန်သည်။

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now