17

5.1K 548 47
                                    

Unicode

ကားပေါ်ကလူတွေဆင်းလာတာနဲ့ သူတို့ ၂ ယောက်လည်း ဆိုင်ကယ်ပေါ်ကပြန်ဆင်းလိုက်တယ်။

"ရှောင်ရှောင်းကျန့်....ရှောင်ရှောင်းကျန့် ပြေးလို့လွတ်မယ်လို့ထင်နေတာလား"

"လိချုံး...."

ရှောင်းကျန့်ရဲ့ တုန်ရီနေတဲ့ မျက်နှာကြောင့် လိချုံးဆိုတဲ့သူနဲ့ ရန်စ ရှိခဲ့မယ်ဆိုတာ ဝမ်ရိပေါ်အတတ်သိသည်။

"မင်းက စစ်ကူတွေ ဘာတွေတောင် ထားနေပြီလား"

တဖြေးဖြေးသူတို့နားကို တိုးလာတဲ့ လိချုံးနဲ့သူ့လူတွေရဲ့ ခြေလှမ်းကြောင့် ရှောင်းကျန့်လန့်နေရတယ်။ အခြားမဟုတ် ဘေးမှာ ဝမ်ရိပေါ် ရှိနေလို့....။

"ခဏလေး....လိချုံး ငါတို့ အေးအေးဆေးဆေးပြောကြမယ်"

"ဘယ်လို.....ဘယ်လိုပြောလိုက်တယ်
ရှောင်းကျန့် ! အေးအေးဆေးဆေးပြောကြမယ်ဟုတ်လား... မင်းငါ့ဆီက ကလိမ်ကကျစ်ကျပြီး ငွေတွေယူသွားတာရော"

"ငါအကုန်ပြန်ပေးမယ်....  အခုတော့ ငါတို့ကိုလမ်းဖယ်ပေး"

"လမ်းဖယ်ပေးရအောင် ငါကရူးနေလို့လား ရှောင်းကျန့်... မင်း အခုချက်ချင်း ငါ့ငွေတွေပြန်ပေး"

"လိချုံး...မင်းစဥ်းစား ဒီပုံနဲ့ ငါ့မှာ ဘယ်လိုလုပ်ပိုက်ဆံပါမှာလည်း"

"မင်း အခုမှ မျက်စိသူငယ် နားသူငယ်လုပ်မနေနဲ့ ငါအများကြီးမပြောချင်ဘူး။ ငါ့ပိုက်ဆံတွေပြန်ပေး ဒီထက်အချိန်ကြာလာရင် ငါ့သေနတ်က ဗိုက်ဆာလာတော့မယ်"

"ငါမင်းနဲ့လည်း မတိုက်ခိုက်ချင်တော့ဘူး။ မင်းပိုက်ဆံလည်းပြန်ပေးမှာ ငါ့ကိုအချိန် ၃ ရက်ပေး"

"ဟားဟား.... ရှောင်းကျန့် ငါတို့ကဆော့နေတာလား ဟုတ်ပြီလေ...  ၃ ရက်ဆိုတော့လည်း ၃ ရက်ပေါ့ ဒါပင်မဲ့ ဒီတိုင်းတော့မရဘူး ပစ္စည်းတစ်ခုခုထားခဲ့ရမယ်"

"ရတယ် ဒါဆို ငါ့ဆိုင်ကယ်ယူထားလိုက် ငါ ၃ ရက်အတွင်းပြန်လာမယ်"

"နိုး....  ဘယ်သူက ဆိုင်ကယ်ယူမယ်ပြောလို့လဲ!  မင်းနောက်မှာဖွက်ထားတဲ့ အဖြူကောင်လေးကို ခဏယူထားမှာ"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now